စားအုန်းဆီဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အခြေခံဈေးထက် ထက်ဝက်နီးပါးမြင့်တက်နေ
NSS - ဩဂုတ် ၂၁
ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ(၄၀၆၅)ကျပ် သတ် မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ပိဿာ(၉၀၀၀) ကျပ် ဝန်းကျင်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
အဆိုပါ ရည်ညွှန်းဈေးသည် ဩဂုတ်လ(၂၁)ရက်မှ ဩဂုတ်လ(၂၇)ရက်အထိ ရောင်းချရန်သတ်မှတ်ထားသည့် ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ(၇၀၀၀)ကျပ်မှ ၉၀၀၀ ကျပ်ဝန်းကျင်အထိ ရောင်းချနေခြင်းဖြစ်သည်။
အဆိုပါ ဆီဈေးနှုန်းများသည် နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများရှိနိုင်ကြောင်း ဈေးကွက်အတွင်းမှ ဝယ်ယူအသုံးပြုနေရသူများထံမှ စုံစမ်းသိရသည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန်(၁၀)သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် (၆)သိန်းမှ (၇)သိန်းကြားကို မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှတဆင့် သိရသည်။
ဈေးကွက်အတွင်း စားအုန်းဆီ ရောင်းချသူများအနေဖြင့် ဈေးတင်ရောင်းချခြင်း၊ ဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတိပေးကြေညာထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တိုက်လာမယ်ဆိုရင် ကာကွယ်သွားဖို့ အဆင်သင့်ရှိနေသလို သုံးနှစ်အတွင်း အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းပေးမယ်လို့ နိုင်ဂျာစစ်အစိုးရပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ