သင်္ဘောသားများအတွက် ကိုယ်ရေးကိုယ်တာအသေးသုံးချေးငွေကို သိန်း(၁ဝဝ)အထိ ထုတ်ချေးနိုင်ရေး MSF စီစဥ်နေ
ယွန်း (NSS) - သြဂုတ် ၂ဝ
သင်္ဘောသားများအတွက် ကိုယ်ရေးကိုယ်တာအသေးသုံးချေးငွေကို သိန်း(၁ဝဝ)အထိ ထုတ်ချေးနိုင်ရေး MSF စီစဥ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္သောသားအလုပ်သမားများအဖွဲ့ချုပ်(MSF) မှ ပြီးခဲ့သည့် သြဂုတ်လ(၁၈)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။
အဆိုပါချေးငွေကို အနည်းဆုံး(၁၅)သိန်းမှ အများဆုံး သိန်း(၁ဝဝ)အထိ ချေးယူနိုင်ကြောင်း သိရပြီး တစ်နှစ်အတွက် အတိုးနှုန်းမှာ ၁၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သောကြောင့် တစ်လလျှင် ခန့်မှန်းအတိုးနှုန်းမှာ ၁ ဒသမ ၂ ရာခိုင်နှုန်းဖြင့် လစဥ်အတိုးအရင်းပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
၎င်းချေးငွေကို ရိုးမဘဏ်မှ ထုတ်ချေးမည်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာအသေးသုံးချေးငွေရယူမှုဖြစ်ခြင်းကြောင့် အပေါင်ပစ္စည်းထားရန် မလိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ချေးငွေရယူရန်အတွက် တင်ပြရမည့် စာရွက်စာတမ်းများနှင့် ပုံစံများကို လာမည့်ရက်ပိုင်းအတွင်း အဖွဲ့ချုပ်ရုံးတည်ရှိရာ အမှတ်-၅၃၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်တွင် စုံစမ်းနိုင်ကြောင်း MSF မှ ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး လမ်းအလယ်ကျွန်းရှိ သစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ