ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး လမ်းအလယ်ကျွန်းရှိ သစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဩဂုတ် ၂ဝ
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး လမ်းအလယ်ကျွန်းရှိ သစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှသိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂ဝ ရက်) နံနက် (၇)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၆ဝ/၁)နှင့် (၆ဝ/၂)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဖြူရောင် PARTNER ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ သစ်ပင်အား တိုက်မိခဲ့ခြင်းဖြစ်၍ ဥသျှစ်ကုန်းအမြန်လမ်း မီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းယာဉ်ပေါ်တွင် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၇)ဦး တို့လိုက်ပါစီးနင်းလာပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃)ဦးအား 192 သူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း၌ (၇)လအတွင်း ယာဉ်တိုက်မှုပေါင်း (၉၇)ကြိမ်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုအနေဖြင့် (၆ဝ)ဦးရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှလမ်း၌ လမ်းပြုပြင်ရေးစက်ယန္တရား တင်ဆောင်လာသည့်ကား ပစ်ခတ်ခံ၍ လူထိခိုက်မှုများရှိခဲ့၊ လမ်းပိုင်းကို ပြုပြင်နေစဉ် မကြာခဏပစ်ခတ်ခံနေရဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း