နယ်စပ်ဖြတ်ကျော်လုပ်ဆောင်နေသည့် ရာဇဝတ်မှုများကို မြန်မာအပါအဝင် လေးနိုင်ငံပူးပေါင်းစစ်ဆင်ရေးပြုလုပ်မည်
Pika (NSS) - ဩဂုတ် ၁၉
တရုတ်၊ မြန်မာ၊ ထိုင်း နှင့် လာအိုနိုင်ငံတို့သည် ဒေသတွင်း၌ လောင်းကစားနှင့်ဆက်နွယ်သော လိမ်လည်မှုများ၊ ၎င်းနှင့် ဆက်စပ်နေသော ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် အထူးစစ်ဆင်ရေးတစ်ရပ်ကို စတင်ရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဩဂုတ်လ(၁၅)ရက်မှ (၁၆)ရက်အထိပြုလုပ်ခဲ့သော အစည်းအဝေးတွင် အဆိုပါ အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပြောကြားချက်အရသိရသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် တည်ထောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်၊၊ စစ်ဆင်ရေး၏ အဓိကရည်ရွယ်ချက်သည် ဒေသတွင်း၌ ပျံ့နှံ့သော လောင်းကစားမှုများ၊ လိမ်လည်မှုများနှင့်ဆက်စပ်သော လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနှင့် တရားမဝင်ဖမ်းဆီးထိန်းသိမ်းမှုများကဲ့သို့သော ရာဇဝတ်မှုများကို အဓိကထားနှိမ်နှင်းရန်အတွက်ဖြစ်ကြောင်းသိရသည်။
အဆိုပါစစ်ဆင်ရေးသည် ပိုမိုမြင့်တက်လာသော ရာဇဝတ်မှုများကို နှိမ်နှင်းရန်၊ ဆက်သွယ်ရေးကွန်ရက်များမှ လိမ်လည်လှည့်ဖြားမှုများ နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် ဒေသတွင်းစည်းလုံးညီညွတ်မှုများကို ပြသခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထာားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသော အစည်းအဝေးတွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့အပြင် အင်တာပိုလ်နှင့် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်မည့် အလားအလာများကိုလည်း စူးစမ်းလေ့လာခဲ့ကြောင်း ထိုင်းအမျိုးသားသတင်းဗျူရိုက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိတ်ကျန်းမာရေးမကောင်းသူက မိမိအိမ်ကိုမီးရှို့ရာမှ နေအိမ်(၄)လုံးမီးလောင်မှု ရွှေပြည်သာမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ