ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည့် မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်း၌ ယာဉ်အသွားအလာများပြန်လည်ပြုလုပ်လာ
NSS - ဩဂုတ် ၁၉
မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းတွင် ယမန်နေ့ (ဩဂုတ်လ ၁၈ ရက်)က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ယာဉ်အသွားအလာများ ရပ်တန့်ခဲ့ရကြောင်း သိရသည်။
အဆိုပါ လမ်းဟောင်းမှသွားသည့် Toyota Hi-Ace (အန်စာတုံး) အမျိုးအစားကားသည် အခြားယာဉ်ကို ကျော်တက်ရာမှ ချောက်ထဲထိုးကျကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အလယ်ဗဟိုတဲအနီးမှာရှိတဲ့ နှစ်ထပ်ကွေ့မှာဖြစ်တာပါ။ မြဝတီကနေ ကော့ကရိတ်ကိုဆင်းတဲ့ကားပါ။ ကားကျော်တက်ရင်းလမ်းဘေးထိုးကျသွားတာ အောက်မှာရှိတဲ့လမ်းပေါ်ကို ကားကကျသွားပြီး လမ်းပိတ်သွားတာပေါ့။ သစ်ပင်တွေ အများကြီးရှိနေလို့ ကံကောင်းသွားတာပါ။ အခုတော့လမ်းပြန်ပွင့်သွားပါပြီ။ယာဉ်မောင်းနဲ့ဒါဏ်ရာရသူတွေကို ကော့ကရိတ်မြို့နယ်ဆေးရုံကိုပိုဆောင်ထားပါတယ်”ဟု ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက NSS ကိုပြောသည်။
တိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်အား ရှင်းလင်းဖယ်ရှားထားပြီးဖြစ်သည့်အတွက် ယနေ့ (ဩဂုတ်လ ၁၉ ရက်)နံနက်ပိုင်းမှစတင်ကာ လမ်းပြန်ပွင့်သွားပြီဖြစ်ပြီး အိမ်စီးကားများ၊ အံစာတုံးကားများသာမက ခြောက်ဘီးကားများပါ ပြန်လည်မောင်းနှင်သွားလာနေကြောင်းသိရသည်။
မြဝတီ - ကော့ကရိတ်သွား လမ်းဟောင်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သောလမ်းဖြစ်ပြီး အရှလမ်းမကြီးမဖွင့်လှစ်မီအချိန်အထိ အသုံးပြုခဲ့ကြသည်။
လက်ရှိ၌ သြဂုတ်လ ၇ ရက်တွင် ရာသီဥတုကြောင့် လမ်းမြေပြိုကျပျက်စီးသွားခဲ့သည့် အာရှလမ်းပိုင်း အား အစားထိုးအသုံးပြုနေသည့် ဒေါနတောင် လမ်းဟောင်းကို သြဂုတ်လ ၁၄ရက်မှစတင်ကာ တစ်ရက် ဆင်း၊ တစ်ရက်တက်စနစ်ဖြင့် ဖြတ်သန်းသွားလာနေကြကြောင်းသိရသည်။ လမ်းဟောင်းသည်အကွေ့အဝိုက်အတက်အဆင်း မတ်စောက်သည့်အတွက် ကျွမ်းကျင်သောယာဉ်မောင်းများသာ မောင်းနှင်နိုင်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်စပ်ဖြတ်ကျော်လုပ်ဆောင်နေသည့် ရာဇဝတ်မှုများကို မြန်မာအပါအဝင် လေးနိုင်ငံပူးပေါင်းစစ်ဆင်ရေးပြုလုပ်မည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ