မြန်မာနိုင်ငံမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ ရန်ပုံငွေပိုမိုရရှိဖို့ လိုအပ်နေ
ဂျန်ဇက် (NSS) - သြဂုတ် ၁၈
ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတဝှမ်းကို ကူညီထောက်ပံ့ပေးမှုတွေ ပိုမိုလုပ်ဆောင်ဖို့ အဆင့်သင့်ရှိနေကြောင်း ဒါပေမယ့် အကူအညီပေးရေးလုပ်ငန်းတွေ ပိုမိုလုပ်ကိုင်နိုင်ဖို့ နဲ့ ရန်ပုံငွေ ပိုမိုရရှိဖို့ လိုအပ်လျက်ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA အကြီးအကဲ Martin Griffiths က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
UNOCHA အကြီးအကဲက "ကျွန်တော်ဟာ မြေပြင်မှာ အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့တွေ့ဆုံစကားပြောခဲ့တယ်။ ရန်ပုံငွေရရှိမှု လျောနည်းခြင်းတွေကြောင့် ကူညီ ထောက်ပံ့ပေးမှုတွေကို လျော့ချရတာ၊ ဖြတ်တောက်ရတာမျိုးတွေလုပ်ဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ရတယ်" လို့ ပြောပါတယ်။
UNOCHA အကြီးအကဲ "မြန်မာနိုင်ငံရှိ လူဦးရေရဲ့သုံးပုံတစ်ပုံလောက်ဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ တွေ လိုအပ်နေတယ်။ အဲဒီသူတွေဟာ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံကနေ လက်ရှိထက် ပိုမိုကောင်းမွန် တဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ရရှိဖို့လည်းမျှော်လင့်နေကြတယ်။ မိသားစုတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခံရမှုတွေကို တွေ့ကြုံပြီးနောက် ရုန်းကန် နေရတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံရှိ အကူအညီလိုအပ်နေသူ ၁၈ သန်းကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးနိုင်အောင် ကူညီ ထောက်ပံ့ပေးမှုများတိုးမြှင့်လုပ်ဆောင်ကြစေလိုကြောင်း ၎င်းက ပြောပါတယ်။
သုံးနှစ်နီးပါးအတွင်း နေရပ်စွန့်ခွာနေရသူအရေအတွက် ၅ ဆခန့်မြင့်တက်လာခဲ့ကာ လူပေါင်း ၁ ဒသမ ၉ သန်း နေရပ်စွန့်ခွာနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး က ပြောပါတယ်။ UNOCHA အကြီးအကဲဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစကအဖွဲ့ ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်ရှေ့၌ ခြင်းခတ်နေသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ပေါက်ခေါင်းမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ