နေအိမ်ရှေ့၌ ခြင်းခတ်နေသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ပေါက်ခေါင်းမြို့နယ်တွင်ဖြစ်ပွား
NSS - ဩဂုတ် ၁၈
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၌ နေအိမ်ရှေ့တွင် ခြင်းခတ်နေသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဩဂုတ်လ ၁၆ ရက်၊ ညနေ ၆ နာရီ ၅၅မိနစ်အချိန်တွင် ပေါက်ခေါင်းမြိုနယ်၊ အင်ငါးခွကျေးရွာအုပ်စု၊ တာကောက်ကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အထက်ပါကျေးရွာတွင်နေထိုင်သည့် အင်ငါးခွကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူသည် ၎င်း၏နေအိမ်ရှေ့၌ တစ်ရွာတည်းနေသူများနှင့်အတူ ခြင်းခတ်နေစဉ် PDF အဖွဲ့အင်အား (၃)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ပြည်-ပေါက်ခေါင်းလမ်းတိုင်း ပြည်မြို့ဘက်မှရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အင်ငါးခွကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်(၅၀) နှစ်၏ ဝဲ/ယာပေါင်၊ ဆီးခုံနှင့် ခါးတို့၌ ကျည်ထိမှန် ဒဏ်ရာ (၄)ချက်ရရှိခဲ့သဖြင့် ပေါင်းတလည်တိုက်နယ်ဆေးရုံ၌ တက်ရောက်ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆင်ဖုံချောင်းအတွင်း ပုပ်ပွနေသော အမျိုးသားအလောင်းတွေ့ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း