အီတလီနိုင်ငံတွင် ထိုးသတ်ရန် စီစဉ်ထားသောပွဲကို ဇူကာဘတ် ငြင်းဆိုခဲ့ဟု အီလွန်မတ် ထုတ်ဖော်ပြော
Pika (NSS) - သြဂုတ် ၁၇
တွစ်တာကုမ္ပဏီပိုင်ရှင် အီလွန်မတ်က ဖေ့စ်ဘုတ်တည်ထောင်သူ ဇူကာဘတ် သည် အီတလီနိုင်ငံ ရောမမြို့ရှိ Colosseum သမိုင်းဝင်အဆောက်အဦးတွင် ၎င်းနှင့်ယှဉ်ပြိုင်ထိုးသတ်ရန် ငြင်းဆိုခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် ဇူကာဘတ်သည် ၎င်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် တုံ့ဆိုင်းနေပြီဖြစ်ကြောင်း အီလွန်မတ်က ထပ်မံ ပြောဆိုခဲ့သည်။ အသက်(၅၂)နှစ်အရွယ် အီလွန်မတ် က "ဇူကာဘတ်နဲ့ထိုးသတ်ဖို့ ကျွန်တော်ပြောခဲ့ပါတယ်။ သူက ထိုးသတ်မယ့်နေရာကို လိပ်စာပေးပို့ခိုင်းခဲ့ပါတယ်။ အီတလီနိုင်ငံ ရောမမြို့မှာရှိတဲ့ Colosseum သမိုင်းဝင် အဆောက်အဦးမှာ ထိုးသတ်ကြဖို့ချိန်းဆိုခဲ့ပေမယ့် ဇူကာဘတ်က ငြင်းဆိုခဲ့ပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း ယှဉ်ပြိုင်ထိုးသတ်ရန် တုံ့ဆိုင်းနေသူမှာ အီလွန်မတ်သာဖြစ်ကြောင်း ဇူကာဘတ်က ယခင် က ပြောခဲ့သည်။
အသက်(၃၉)နှစ်အရွယ် ဇူကာဘတ် က "အီလွန်မတ်သာ တကယ်ထိုးသတ်ချင်တယ်ဆိုရင် ကျွန်တော့်ဆီကို ဘယ်လိုရောက်အောင် လာရမယ်ဆိုတာ သိပါတယ်။ ရှေ့ဆက်ဖို့အချိန်တန်ပါပြီ။ အားကစားကို အလေးအနက်ထားတဲ့လူတွေနဲ့ပဲ ယှဉ်ပြိုင်သွားဖို့ ကျွန်တော်အာရုံစိုက်သွားမှာပါ" ဟု ပြောခဲ့သည်။
ဇူကာဘတ် နှင့် အီလွန်မတ်တို့ကြား တိုက်ခိုက်ဖြစ်မည်ဆိုပါက အဆိုပါပွဲစဉ်သည် UFC သမိုင်းတစ်လျှောက် ဝင်ငွေ အများဆုံးရရှိမည့် ပွဲတစ်ပွဲဖြစ်လာနိုင်ပြီး အမေရိကန်ဒေါ်လာ(၁)ဘီလျံထိ ရရှိနိုင်ဖွယ်ရှိကြောင်း UFC မန်နေဂျာ ဒါနာဝှိုက် က ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါပွဲစဉ်သည် UFC သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ပွဲတစ်ပွဲ ဖြစ်လာနိုင်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
အဆိုပါပွဲစဉ် ဖြစ်လာခဲ့မည်ဆိုပါက ရရှိလာသည့် ငွေများအားလုံးကို စစ်မှုထမ်းဟောင်းများနှင့် ကလေးအထူးကုဆေးရုံများကို လှူဒါန်းမည်ဖြစ်ကြောင်း အီလွန်မတ်က ကတိပြုပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UEFA Super Cup ချန်ပီယံဆု ရရှိခဲ့သော်လည်း အောင်ပွဲခံအခမ်းအနားမလုပ်ခဲ့သည့် မန်စီးတီးအသင်း
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း