ယူကရိန်းစစ်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ရုရှားဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံး
ဂျန်ဇက် (NSS) - သြဂုတ် ၁၇
ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ Gennady Zhidko ဟာ သြဂုတ် ၁၆ ရက်မှာ ကာလအတန်ကြာဖြစ်ပွားခဲ့တဲ့ ကျန်းမာရေးပြဿနာကြောင့် သြဂုတ် ၁၆ ရက်မှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
အသက် ၅၈ နှစ်အရွယ်ရှိ ဗိုလ်ချုပ်ကြီး Gennady Zhidko ဟာ ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့သူဖြစ်ကာ ရုရှားစစ်တပ်ရဲ့အကောင်းဆုံးဦးနှောက်များထဲမှာ ပါဝင်သူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကနေ အောက်တိုဘာလအထိ ယူကရိန်းအပေါ်ပြုလုပ်တဲ့ အထူးစစ်ဆင် ရေးအတွင်း ရုရှားတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ ခါကစ်မြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိတဲ့အတွက် ရုရှားသမ္မတပူတင်ဟာ ၎င်းကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရပါတယ်။
၎င်းဟာ ၂ဝ၁၇ ခုနှစ်က နိုင်ငံရဲ့အမြင့်ဆုံးဘွဲ့တစ်ခုဖြစ်တဲ့ ရုရှားသူရဲကောင်းဘွဲ့ကို ချီးမြှင့်ခံရကြောင်းသိရပါတယ်။ ၎င်းဟာ ၂ဝ၁၆ ခုနှစ်က ဆီးရီးယားနိုင်ငံရှိ ရုရှားတပ်ဖွဲ့များ ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပြီး ၂ဝ၁၈ ခုနှစ်မှာ ရုရှားအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အကြီးအကဲအဖြစ်ခန့်အပ်ခံရကြောင်း သိရပါတယ်။
ဗိုလ်ချုပ်ကြီး Gennady Zhidko ဟာ ၂ဝ၂၁ ခုနှစ်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။ ရုရှားဗိုလ်ချုပ်ကြီး သေဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ဘယ်နေရာမှာ သေဆုံးခဲ့သလဲဆိုတဲ့အချက်ကို အတိအကျဖော်ပြခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။
အဆိုပါ ရုရှားဗိုလ်ချုပ်ကြီးဟာ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ အပါအဝင် အနောက်အုပ်စုနိုင်ငံများရဲ့ပစ်မှတ်ထားပိတ်ဆို့မှု ချမှတ်ခံရသူတွေထဲမှာ ပါဝင်နေခဲ့သူလည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံမှုများကြောင့် ပဲခူးမြို့ အပါအဝင် ဒေသ(၄)ခု၌ ရေဘေးသင့်ဦးရေ ငါးသောင်းခန့်ရှိခဲ့ဟု UNOCHA ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ