စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာ (၁ဝဝ)ကျော်အတွက် လျှောက်လွှာများ ခေါ်ယူ
စော (NSS) - ဩဂုတ် ၁၇
စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုဦးစီးမှူး နှင့် အငယ်တန်းစာရေးရာထူး (၁ဝ၅) နေရာအတွက် လျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ယနေ့ (ဩဂုတ်လ ၁၇ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါ ရာထူး(၁ဝ၅)နေရာအနက် ဒုတိယဦးစီးမှူးရာထူးအတွက် အမျိုးသား (၅ဝ)ဦးအပြင် အမျိုးသမီး (၅ဝ)ဦး နှင့် အငယ်တန်းစာရေး (၅)နေရာကိုလည်း ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်ထားသူများသည် စက်တင်ဘာလကုန်တွင် အသက်(၃ဝ)နှစ်ထက် မကျော်လွန်သူဖြစ်ရန် လိုအပ်ပြီး နိုင်ငံဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဒုဦးစီးမှူးရာထူးကို လျှောက်ထားသူများအနေဖြင့် စီးပွားရေးနှင့်ဆက်နွယ်သည့် ပညာရပ်ဆိုင်ရာဘွဲ့ရရှိသူ ဖြစ်ရန်လိုပြီး အငယ်တန်းစာရေးရာထူးအတွက် ဘွဲ့တစ်ခုခုရရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လျှောက်လွှာများကို ရုံးချုပ် (သို့မဟုတ်) သက်ဆိုင်ရာ တိုင်း နှင့် ပြည်နယ်စီမံကိန်းဦးစီးရုံးများသို့ စက်တင်ဘာလကုန်တွင် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲကို ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းဦးစီးရုံး ရုံးစိုက်ရာမြို့ကြီးများ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အချို့သောဆေးခန်းများ နှင့် Online Clinic များတွင် ကိုဗစ်ကာကွယ်ဆေးအတု ထိုးနှံပေးမှုများ ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ