အွန်လိုင်းတွင် ရောင်းချနေသည့် အချို့တိုင်းရင်းဆေးများသည် လိုင်စင်မရှိခြင်းကြောင့် သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနအသိပေး
ယွန်း(NSS) - သြဂုတ် ၁၇
အွန်လိုင်းတွင် ရောင်းချနေသည့် အချို့တိုင်းရင်းဆေးများသည် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ရရှိထားခြင်းမရှိခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထား သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ သြဂုတ်လ(၁၆)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော တိုင်းရင်းဆေးဝါးများကို အများပြည်သူသုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ Facebook ကဲ့သို့ Online Media များတွင် ရောင်းချနေသော အချို့တိုင်းရင်းဆေးဝါးများသည် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ရရှိထားခြင်းမရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဆေးဝါးများသည် လိုင်စင်ရရှိထားခြင်းမရှိခြင်းကြောင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ အာနိသင်ထိရောက်မှုအတွက် အာမခံချက်မပေးနိုင်ခြင်းကြောင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကျန်မာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
လက်ရှိကာလသည် တိုင်းရင်းဆေးသုတေသနများကို ဆောင်ရွက်ရန် နိုင်ငံတော်မှ အလေးထားအားပေးနေသည့်အချိန်ဖြစ်ပြီး တာဝန်ရှိသူများနှင့် သုတေသီများကလည်း သုတေသနကျင့်ဝတ်နှင့်အညီ သုတေ သနလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ တိုင်းရင်းဆေး ကဏ္ဍတိုးတက်စေရေး ဆောင်ရွက်နေကြောင်း သိရသည်။
သို့ဖြစ်၍ မြန်မာ့တိုင်းရင်းဆေးပညာရပ်အား အတွေ့အကြုံအခြေပြုဆေးပညာရပ်မှ သက်သေအ ထောက်အထားပြုဆေးပညာရပ်အဖြစ်သို့ ပြောင်းလဲတိုးတက်လာစေရန် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိတ်ဆို့မှုချမှတ်ခံထားရတဲ့ မြန်မာဘဏ်နှစ်ခုရှိအကောင့်များကိုပိတ်သိမ်းဖို့ ဘင်္ဂလားဒေရှ့် ဆိုနာလီဘဏ်ကို အမေရိကန်အစိုးရ ဖိအားပေးနေ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ