ဒုတိယကမ္ဘာစစ်အတွင်း လက်နက်ချအညံ့ခံကာ စစ်ရှုံးကြောင်းကြေညာတဲ့ ၇၈ နှစ်မြောက် အခမ်းအနားကို ဂျပန် အစိုးရ ဦးဆောင်ကျင်းပ
ဂျန်ဇက် (NSS) - သြဂုတ် ၁၆
ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်း လက်နက်ချ စစ်ရှုံးကြောင်း ကြေညာခဲ့တဲ့ ၇၈ နှစ်မြောက်အခမ်းအနားကို သြဂုတ် ၁၆ ရက်က ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဂျပန်ဝန်ကြီးချုပ်က ကမ္ဘာကြီးကို နျူကလီးယားလက်နက်များ ကင်းစင်တဲ့ကမ္ဘာကြီးဖြစ်လိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီးနောက် မကြာမီ ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်ပွဲအတွင်း လက်နက်ချအညံ့ခံခံရတဲ့ ၇၈ နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက ၎င်းအနေနဲ့ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံက နျူကလီးယားလက်နက်များ အသုံးပြုုလာမှာကို စိုးရိမ်မိကြောင်း ထပ်မံပြောခဲ့ပါတယ်။
၎င်းက "ဂျပန်နိုင်ငံဟာ ငြိမ်းချမ်းရေးကို အထောက်ပံ့ဖြစ်စေဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ" လို့ ပြောပါတယ်။
အမေရိကန်လေတပ်ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်းက လူသိန်းချီသေဆုံးစေခဲ့တဲ့ နျူကလီးယားဗုံးကို နာဂါစကီမြို့ နဲ့ ဟီယိုရှီးမားမြို့တို့အပေါ် ကြဲချခဲ့ကြောင်း သိရပါတယ်။ အဆိုပါမြို့နှစ်မြို့အပေါ် အမေရိကန်တပ်ဖွဲ့ တွေ နျူကလီးယားဗုံးကြဲချခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဂျပန်အစိုးရဟာ လက်နက်ချအညံ့ခံခဲ့ပြီး နျူကလီးယား ဗုံးကြောင့် ဂျပန်မြို့နှစ်မြို့မှာ လူပေါင်းသိန်းချီ လက်ရှိအချိန်အထိ သေဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ပြည်သူ ၈ သိန်း နဲ့ ဂျပန်စစ်သား ၂ ဒသမ ၃ သန်း သေဆုံးခဲ့ရတဲ့ အောက်မေ့ဖွယ် အခမ်းအနားကို ဂျပန်အစိုးရက ဦးဆောင်ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်တို့လက်နက်ချအညံ့ခံကာ စစ်ရှုံးကြောင်း ကြေညာခဲ့တဲ့နေ့အထိမ်းအမှတ်ကို နှစ်စဉ်ကျင်းပခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်းမှာလည်း ကျင်းပခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့် မြေစာပုံပြိုကျမှုဖြစ်စဉ်မှ သေဆုံးသူ(၈)ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ (၃၃)ဦးအထိရှိလာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ