ဖားကန့် မြေစာပုံပြိုကျမှုဖြစ်စဉ်မှ သေဆုံးသူ(၈)ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ (၃၃)ဦးအထိရှိလာ
သန့်ဇင် (NSS) - ဩဂုတ် ၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြေစာပုံပြိုကျမှုဖြစ်စဉ်၌ ပျောက်ဆုံးနေသော ကျောင်တူးသမားများကို ယနေ့ (ဩဂုတ်လ ၁၆ ရက်)တွင် ဆက်လက်ရှာဖွေခဲ့ရာ သေဆုံးသူ (၈)ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
မြေစာပုံပြိုကျမှုသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်၊ ညနေ ၃ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းမြေစာပုံပြိုကျမှုကြောင့် ကျောက်စိမ်းတူဖော်နေသူ(၃၀)ကျော်ပျောက်ဆုံးခဲ့ပြီး ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်)တွင် ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ရာ၌ သေဆုံးသူ (၂၅)ဦးရှာဖွေတွေ့ရှိခဲ့ကြောင်း သင်္ခါလူမှုကူညီရေးထံမှ သိရသည်။
"ဒီနေ့က (၈)ယောက်တွေ့တယ်ဗျ။ ဒီနေ့ထိဆိုရင် (၃၃)ယောက်ပြန်တွေ့ပြီပေါ့"ဟု သင်္ခါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မြေစာပုံပြိုကျမှုကြောင့် ကျောက်စိမ်းလုပ်ကွက်အတွင်း ကျောက်တူးသူ(၃၇)ဦးပျောက်ဆုံးနေခဲ့ရာ ယမန်နေ့က ရှာဖွေကယ်ဆယ်မှုများတွင် (၂၅)ဦးတွေ့ရှိခဲ့ပြီး ယနေ့ရှာဖွေမှုတွင် (၈)ဦးထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ခုထိတော့ ကျန်တဲ့လူတွေပျောက်နေတုန်းပဲပေါ့။ ရှာဖွေကယ်ဆယ်မှုကတော့ ဒီနေ့နောက်ဆုံးပါဗျ"ဟု ၎င်းက ဆက်လက်ပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်များ၌မြေစာပုံပြိုကျမှုဖြစ်စဉ်များကြောင့် လူအများအပြား သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ယခင်ကဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၁၆ ရက်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း