Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် နစက၏ NSPNC က NCA ရေးထိုးထားသော EAO အဖွဲ့များထံ အကြောင်းကြားညှိနှိုင်း

မျိုးကြီး (NSS) - သြဂုတ် ၁၆

ငြိမ်းချမ်းရေးဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် နစက၏ NSPNC က NCA ရေးထိုးထားသော EAO အဖွဲ့များထံ အကြောင်းကြားညှိနှိုင်းထားကြောင်း သတင်းရရှိသည်။


ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော NSPNC က ယနေ့(သြဂုတ်လ ၁၆ ရက်)တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ရေးထိုးထားသည့် EAO အဖွဲ့များထံသို့ အကြောင်း ကြားညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နေပြည်တော် NSPNC ကနေပြီးတော့ မတွေ့ဆုံတာလည်း ကြာပြီ။ ဒါကြောင့်မိုလို့ ဘယ်နေ့၊ ဘယ်ရက်လောက်မှာ ပြန်လည်တွေ့ဆုံနိုင်ဖို့ အဆင်ပြေနိုင်မှုရှိမလဲဆိုတာကို စတင်ပြီးတော့ ညှိနှိုင်းတာပေါ့ဗျာ။ အဲဒီလိုမျိုး ကြားရတာတော့ ရှိပါတယ်” ဟု KNU/KNLA-PC မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က NSS ကို ပြောသည်။

ပြီးခဲ့သော ဇွန်လကုန်ပိုင်း၌ နစက၏ NSPNC နှင့် NCA ရေးထိုးထားသည့် ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO တို့ (၅)ဖွဲ့သည် နေပြည်တော်၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“ပြီးခဲ့တဲ့ အခင်းအကျင်းမှာတော့ ဖိတ်တာကိုတော့ တစ်ဖွဲ့ချင်းစီးကို ဖိတ်တယ်။ တစ်ဖွဲ့ချင်းစီကို ဖိတ်တယ်ဆိုပေမယ့်လည်း ကျွန်တော်တို့ ဒီအထဲက (၅)ဖွဲ့ကတော့ စုပြီးသွားတယ်။ NMSP နဲ့ RCSS ကတော့ စုသွားဖို့ အဆင်မပြေသေးဘူး။ သီးသန့်သွားပြီးတော့ တွေ့ဆုံတာပေါ့ဗျာ။ ဒါပြီးခဲ့တဲ့ အခင်းအကျင်းကို ကျွန်တော်ပြောတာပါ” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ထပ်မံပြောသည်။

ထို့ကြောင့် နစက၏ NSPNC နှင့် EAO များအကြားတွင် ယခုသြဂုတ်လကုန်ပိုင်း၌ ထပ်မံ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ရှိလာနိုင်သည်ဟုလည်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

“တွေ့ဆုံဆွေးနွေးမှုတွေက အေးစက်နေတာ ကြာပြီဆိုတော့လေ အဲဒီတွေ့ဆုံဆွေးနွေးမှုတွေ နောက်ဆုံးလုပ်ခဲ့တဲ့အချိန်တုန်းကတော့ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ပါမည်ဆိုတဲ့ နှစ်ဖက်ဘုံသဘောထားမှတ်တမ်းနဲ့ပဲ ကျွန်တော်တို့က အဆုံးသတ်ခဲ့တယ်လေ။ အဲဒီနောက်ပိုင်း ကျွန် တော်တို့က တွေ့ဆုံမှုတွေ မလုပ်နိုင်ခဲ့ဘူးဆိုတော့ အချိန်တွေအကြာကြီး မျောသွားတာပေါ့လေ။ ငြိမ်းချမ်းရေးညီလာခံကိစ္စကတော့ ဒီလာမယ့် တွေ့ဆုံဆွေးနွေးမှုအခင်းအကျင်းမှာ ကျွန်တော်တို့ အသေးစိတ်ဆွေးနွေးတိုင်ပင်ညှိနှိုင်းဖို့တော့ ရှိမယ်လို့ အဲဒီလိုနားလည်းပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိသည့်အနက် (၇)ဖွဲ့သည် နစကနှင့် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီ KNU၊ CNF နှင့် ABSDF တို့သည် ဆွေးနွေးခြင်းမရှိဘဲ လက်နက်ကိုင်တော်လှန်လျက်ရှိသည်။

ထို့ပြင် NCA ရေးထိုးထားခြင်းမရှိသော “ဝ”အဖွဲ့ UWSP၊ မိုင်းလားအဖွဲ့ NDAA နှင့် ရှမ်းအဖွဲ့ SSPP တို့သည်လည်း လက်ရှိ နစက၏ NSPNC နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒုတိယကမ္ဘာစစ်အတွင်း လက်နက်ချအညံ့ခံကာ စစ်ရှုံးကြောင်းကြေညာတဲ့ ၇၈ နှစ်မြောက် အခမ်းအနားကို ဂျပန် အစိုးရ ဦးဆောင်ကျင်းပ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved