တံကောက်ကြော ဒဏ်ရာရရှိပြီးနောက် လအနည်းငယ် အနားယူရဖွယ်ရှိနေသည့် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း
Pika (NSS) - ဩဂုတ် ၁၆
မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းသည် တံကောက်ကြောဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး နောက် လအနည်းငယ်ကြာ အနားယူရမည်ဖြစ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာ က အတည်ပြုပြောခဲ့သည်။
ဒီဘရိုင်းသည် တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို မန်စီးတီးအသင်း တာဝန်ရှိသူများက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နည်းပြဂွါဒီယိုလာ က ပြောကြားခဲ့သည်။ ဒီဘရိုင်းသည် ဘန်လေ အသင်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဘရိုင်းသည် ပြီးခဲ့သည့်နှစ်ချန်ပီယံလိဂ်ဖိုင်နယ်တွင် တံကောက်ကြောဒဏ်ရာကို စတင်ရရှိခဲ့ခြင်းဖြစ်ပြီး မန်စီးတီး အသင်း၏ ယခုနှစ်ရာသီကြိုပွဲစဉ်များတွင် ပါဝင်ကစားနိုင်ခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။ သို့သော်လည်း ဒီဘရိုင်းသည် အာဆင်နယ်အသင်းနှင့်ကစားခဲ့သည့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် ဝင်ရောက်ကစားခဲ့သလို ဘန်လေ အသင်းနှင့်ကစားခဲ့သည့် ပရီးမီးယာားလိဂ်ပွဲစဉ်တွင်လည်း ဝင်ရောက်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာအပြည့်အဝ မကောင်းမွန်ခင် ဒီဘရိုင်းကို ထည့်သွင်းကစားခဲ့ခြင်းသည် အမှားအယွင်းတစ်ခုဖြစ်ခဲ့ကြောင်း နည်းပြဂွါဒီယိုလာ က ပြောခဲ့သည်။ နည်းပြဂွါဒီယိုလာ က "ဒီဘရိုင်းရဲ့တံကောက်ကြောဒဏ်ရာက ပြင်းထန်ပါတယ်။ သူအနေနဲ့ လအနည်းငယ်တော့ အနားယူရမှာပါ။ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ရှိ/မရှိ ဆိုတဲ့အချက်ကိုတော့ အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်သွားမှာပါ၊၊ ခွဲစိတ်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် ဒီဘရိုင်းဟာ (၃)လ သို့မဟုတ် (၄)လလောက်တော့ အနားယူရမှာပါ။ ဒါက အသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှု တစ်ခုပါပဲ။ ဒီဘရိုင်းဟာ အစားထိုးလို့မရတဲ့ ကစားသမားဖြစ်ပေမယ့် ကျွန်တော်တို့မှာ အရည်အချင်းရှိတဲ့ တစ်ခြား ကစားသမားတွေ ရှိပါတယ်၊၊ သူတို့ကို ထည့်သွင်းကစားသွားမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငြိမ်းချမ်းရေးဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် နစက၏ NSPNC က NCA ရေးထိုးထားသော EAO အဖွဲ့များထံ အကြောင်းကြားညှိနှိုင်း
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း