ယူကရိန်းစစ်ပွဲအတွင်း အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်များ မျှော်လင့်ထားသကဲ့သို့ အရည်အသွေးပိုင်းကောင်းမွန်မှုမရှိဟု ရုရှားစစ်ဘက်ဝေဖန်
Pika (NSS) - ဩဂုတ် ၁၅
ယူကရိန်းနိုင်ငံကို ကူညီပံ့ပိုးပေးထားသော အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများသည် စစ်မြေပြင်တွင် မျှော်လင့်ထားသည့်အတိုင်း လုပ်ဆောင်နိုင်ခြင်းမျိုးမရှိသော်လည်း ရုရှား၏ စစ်လက်နက်များသည် အကျိုးသက်ရောက်မှုများကို သက်သေပြနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းတွင်စစ်ဆင်ရေးများလုပ်ဆောင်နေသော ရုရှားတပ်ဖွဲ့များကို ကူညီရန်အတွက် ဆန်းသစ်သောတီထွင်မှုများစွာကို စစ်မြေပြင်တွင် ဖြန့်ကြက်ချထားပြီးဖြစ်ကြောင်း ဆာဂေးရှိုဂူက ထပ်မံပြောကြားခဲ့သည်။
၎င်းက "လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ယုံကြည်စိတ်ချရမှုပိုင်း နဲ့ အကျိုးသက်ရောက်မှုပိုင်းတွေကို သက်သေပြနေပါတယ်။ ဒါပေမယ့် ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ အ နောက်အုပ်စုနိုင်ငံတွေရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ မျှော်လင့်ထားသလိုမျိုး လုပ်ဆောင်နိုင်ခြင်းတော့မရှိပါဘူး"ဟု ပြောဆိုခဲ့သည်။
အမေရိကန်နှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းသို့ အမေရိကန်ဒေါ်လာ(၁၀၀)ဘီလျံကျော် တန်ဖိုးရှိ လက်နက်များနှင့်ခဲယမ်းမီးကျောက်များကို ကူညီပံ့ပိုးပေးထားကြောင်းသိရသည်။ ၎င်းတို့သည် ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကူညီရန်အတွက် အနောက်နိုင်ငံထုတ်တင့်ကားများကိုလည်း ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။ သို့သော်လည်း တန်ပြန်ထိုးစစ်ဆင်မှုများစတင်ခဲ့သည့် ဇွန်လနှောင်းပိုင်းကတည်းက ယူကရိန်းတပ်ဖွဲ့များသည် သိသာသော ရလဒ်များကို ပြသနိုင်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။ တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းတပ်ဖွဲ့များစွာ သေဆုံးခဲ့ရပြီး အနောက်အုပ်စုနိုင်ငံထုတ်တင့်ကားများနှင့် တိုက်ခိုက်ရေးယာဉ် အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းစစ်သား(၄၃၀၀၀)ခန့် သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ အခက်အခဲဖြစ်နေချိန်တွင် သမ္မတက ယူကရိန်းအရေးကိုသာ ဦးစားပေးလုပ်ဆောင်နေဟု လွှတ်တော်အမတ်ဟောင်းတစ်ဦးဝေဖန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ