အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ပဋိပက္ခတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေးပြန်လည်ရရှိအောင်လုပ်ဆောင်ပေးမယ်လို့ ကတိပြုကြောင်း ဝန်ကြီးချုပ်မိုဒီ ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၁၅
အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီက နိုင်ငံအရှေ့မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပြန်လည်ဖြစ်အောင်လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။
မိုဒီဟာ သြဂုတ် ၁၅ ရက်နေ့မှာကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မဏိပူရပြည်နယ်မှာ ငြိမ်းချမ်းမှုတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီ က ပြောပါတယ်။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ကတည်းက တိုင်းရင်းသားလူမျိုးတွေကြား လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး မတည်ငြိမ်မှုတွေဖြစ်ပွားနေ ကြောင်း သိရပါတယ်။
အိန္ဒိယဝန်ကြီးချုပ်က "ပြီးခဲ့တဲ့သီတင်းပတ်တွေက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၊ အထူးသဖြင့် မဏိပူရပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာခဲ့တယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တယ်။ မိခင်တွေ၊ သားသမီးတွေ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ငြိမ်းချမ်းမှုတွေ ပြန်လည်ရရှိလာခဲ့တယ်။ အိန္ဒိယနိုင်ငံသားတွေဟာ မဏိပူရပြည်နယ်နဲ့ အတူရပ်တည်သွားမှာပါ" လို့ ပြောပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်မိုဒီက "မဏိပူရပြည်နယ်မှာ နေထိုင်နေတဲ့သူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြန်လည်ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးကို ပြည်နယ်အတွင်း အပြည့်အဝပြန်လည်ရရှိအောင် လုပ်ဆောင်သင့်တယ်။ မဏိပူရပြည်နယ်ရဲ့ပဋိပက္ခတွေကို ငြိမ်းချမ်းရေးလမ်းကြောင်းကနေ အဖြေရှာသွားရမယ်" လို့ ပြောပါတယ်။
မိုဒီက အိန္ဒိယနိုင်ငံဟာ လာမယ့် ၂၅ နှစ်မှာ လွတ်လပ်ရေးရရှိတာနှစ် ၁ဝဝ ပြည့်တော့မှာဖြစ်ပြီး လာမယ့် ၂၅ နှစ်အတွင်းမှာ နိုင်ငံကို ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်အောင် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြွေဆိပ်ဖြေဆေးအေးခဲခြောက် ထုတ်လုပ်ရေးစက်သစ် ဆေးဝါးစက်ရုံ(အင်းစိန်) ၌စတင်လည်ပတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ