ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု ယူဆရသော အမျိုသားအလောင်းတစ်လောင်းကို ပြည်ကြီးတံခွန်မြို့နယ်၌တွေ့ရှိ
သန့်ဇင်(NSS) - ဩဂုတ် ၁၄
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းခံရပြီးနောက် ကားဖြင့်လာရောက် စွန့်ပစ်သွားသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယမန်နေ့ (ဩဂုတ်လ ၁၃ ရက်)၊ ည ၇နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၀၊ ၄၄ လမ်းဘေးတွင်တွေ့ရှိခဲ့ရကြောင်း သိရသည်။
"တွေ့တဲ့လူတွေပြောတာတော့။ အရင်ဦးဆုံး လူတစ်ယောက်က ဆိုင်ကယ်မောင်းလာတယ်။ ပြီးတော့ ဘာလိုလိုညာလိုလိုနဲ့ထားခဲ့တယ်ပေါ့နော်။ ထားခဲ့ပြီး ကားတစ်စီးကနေ အဲဒီအလောင်းကို ကားပေါ်ကပစ်ချ သွားတယ်ပေါ့နော်"ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက်(၃၀)နှစ် ဝန်းကျင်အရွယ်ဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်သွယ် မရရှိသေးကြောင်း သိရသည်။
"ဒဏ်ရာတွေတော့တွေ့တယ်ဗျ။ နှိပ်စက်ဒဏ်ရာတွေတော့ တွေ့ထားရပါတယ်။ ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေရယ်။ ခြေထောက်တွေမှာလဲ ကြိုးနဲ့တုတ်ထားခံရတဲ့ ကြိုးရာတွေ တွေ့တယ်ပေါ့နော်"ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားအား သက်ဆိုင်ရာ နှင့် ဒေသခံလူမှုကူညီရေးအသင်းကပူးပေါင်း၍ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော်ဘီလျံနာတွေဖြစ်တဲ့ အီလွန်မတ် နဲ့ ဇူကာဘတ်ကြား ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာပြီး အပြန်အလှန်ဝေဖန်ပြစ်တင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း