အိန္ဒိယလေတပ်က ရုရှားနိုင်ငံထုတ် MiG-29 တိုက်လေယာဉ်တွေကို နိုင်ငံမြောက်ပိုင်းလုံခြုံရေးပိုမိုကောင်းမွန်စေဖို့ ဖြန့်ကြတ်ချထား
ဂျန်ဇက် (NSS) - ဩဂုတ် ၁၄
အိန္ဒိယ အစိုးရဟာ ရုရှားနိုင်ငံထုတ် MiG-29 တိုက်လေယာဉ်တွေကို နိုင်ငံမြောက်ပိုင်း လုံခြုံရေးကိုစောင့်ကြည့် ဟန့်တားဖို့ ဖြန့်ကြတ်ချထားလိုက်ကြောင်းသိရပါတယ်။
အိန္ဒိယအစိုးရဟာ တရုတ် ဒါမှမဟုတ် ပါကစ္စတန် နိုင်ငံတို့ထံကနေ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်မှုပိုင်း ပိုမိုကောင်းမွန်စေဖို့တိုက်လေယာဉ်တွေဖြန့်ကြတ်ချထားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ရုရှားနိုင်ငံထုတ် MiG-29 အမျိုးအစားတိုက်လေယာဉ်တွေဟာ MiG-21 အမျိုးအစား တိုက် လေယာဉ်တွေနေရာမှာအစားထိုးထားတဲ့ တိုက်လေယာဉ်တွေဖြစ်ပြီး ဂျမ်မူး နဲ့ ကက်ရှ်မီးယားဒေသရှိ လေတပ်အခြေစိုက်စခန်းတွေမှာ တပ်စွဲထားကြောင်းသိရပါတယ်။
အဆိုပါ MiG-29 တိုက်လေယာဉ်တွေကို ဒီနှစ်ဇန်နဝါရီလကတည်းက အဆိုပါ ဒေသများရှိ လေတပ်အခြေ စိုက်စခန်းတွေမှာ တပ်စွဲဖြန့်ကြတ်ချထားခဲ့တာဖြစ်ပြီး ကက်ရှ်မီးယားဒေသနဲ့ Ladakh ဒေသတွေကို ကင်းလှည့်မှုတွေလုပ်ဆောင်နေရကြောင်းသိရပါတယ်။ ဒါ့ပြင် အဆိုပါတိုက်လေယာဉ်တွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကလေကြောင်းပိုင်နက်ကျူးကျော်မှုတွေရှိလာမယ်ဆိုရင် ချက်ချင်းတုံ့ပြန်နိုင်ဖွယ်ရှိနေကြောင်းသိရပါတယ်။ အိန္ဒိယ နဲ့ တရုတ်နိုင်ငံဟာ ပိုင်နက်နယ်မြေအငြင်းပွားနေတဲ့ Galwan ဒေသမှာ ၂၀၂၀ ခုနှစ်က ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် အိန္ဒိယက တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့ MiG-29s အမျိုးအစားတိုက်လေယာဉ်တွေကို Ladakh sector ဒေသတစ်လျှောက် စောင့်ကြည့်ပျံသန်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်းသိရပါတယ်။
MiG-29s အမျိုးအစားတိုက်လေယာဉ်တွေဟာ ဝေဟင်ကနေ မြေပြင်၊ ဝေဟင်ကနေ ဝေဟင်အချင်းချင်း ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိကြောင်းသိရပါတယ်။ အိန္ဒိယလေတပ်ဟာ ကက်ရှ်မီးယား တောင်ကြားဒေသကို ဆယ်စုနှစ်ချီကာကွယ်ပေးမှုတွေလုပ်ဆောင်ခဲ့တဲ့ MiG-21s အမျိုးအစားတိုက်လေယာဉ်တွေနေရာမှာအစားထိုးဝင်ရောက်မှာဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု ယူဆရသော အမျိုသားအလောင်းတစ်လောင်းကို ပြည်ကြီးတံခွန်မြို့နယ်၌တွေ့ရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ