ဘင်္ဂလားဒေရှ့်နိုင်ငံတောင်ပိုင်းမှာ ရေကြီးမှုများကြောင့် သြဂုတ်လအတွင်း အနည်းဆုံး ၅၅ ဦး သေဆုံး
ဂျန်ဇက် (NSS) - သြဂုတ် ၁၄
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ သြဂုတ်လအတွင်းရေကြီးမှုများကြောင့် အနည်းဆုံးလူပေါင်း ၅၅ဦးသေဆုံးသွားခဲ့ကြောင်း၊ ဘင်္ဂလားဒေရှ့် မိုးလေဝသဌာနအကြီးအကဲAzizur Rahman ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်နှစ်ပတ်အတွင်း ဘင်္ဂလားဒေရှ့်နိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုများနဲ့အတူ ရေကြီးမှုများ၊ မြေပြိုမှုများလည်းဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
သြဂုတ်လ ၁ ရက်နောက်ပိုင်းကတည်းက ရေကြီးမှုများ၊ မြေပြိုမှုများကြောင့် ကော့ဘဇာဒေသမှာအနည်းဆုံး ၂၁ ဦး၊ စစ်တကောင်းဒေသမှာ ၁၉ ဦး၊ Bandarban ဒေသမှာ ၁ဝ ဦးနဲ့ Rangamati ဒေသမှာ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ သြဂုတ် ၁၁ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး မြစ်ရေလျှံမှုများနဲ့အတူ ရွာပေါင်းရာချီ ရေနစ်မြှုပ်ခဲ့ရကြောင်း ဘင်္ဂလားဒေရှ့်မိုးလေဝသဌာနက ဆိုပါတယ်။
ကော့ဘဇာဒေသအုပ်ချုပ်ရေးမှူး ရှာဟင် အီဘရာဟင်က "ကျွန်တော်တို့ ကော့ဘဇာဒေသမှာ လူပေါင်း ၆ သိန်းနီးပါးဟာ ရေကြီးမှုဒဏ်တွေကို တွေ့ကြုံခံစားခဲ့ရတယ်။ ရေကြီးမှုတွေကြောင့် ကော့ဘဇာဒေသမှာ အနည်းဆုံးလူပေါင်း ၂၁ ဦးသေဆုံးခဲ့ရတယ်" လို့ ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စစ်တကောင်းမြို့မှာလည်း ရွာပေါင်းရာချီ မိုးသည်းထန်စွာရွာသွန်းမှု၊ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်တွေကိုတွေ့ကြုံခံစားနေရကြောင်းသိရပါတယ်။ စစ်တကောင်းအုပ်ချုပ်ရေးမှုးက "အနည်းဆုံး အိမ်ပေါင်း ၅ဝဝဝ ကျော် ရေကြီးမှုတွေရင်ဆိုင်ခဲ့ရတယ်။
ဒါ့အပြင်အနည်းဆုံးလူပေါင်း ၁၉ ဦး သေဆုံးခဲ့တယ်။ ရေကြီးမှုတွေ၊ မြစ်ရေလျှံမှုတွေကြောင့် Sangu မြစ်ထဲကနေ ရုပ်အလောင်းတွေ ပြန်လည်ဆယ်ယူရယူခဲ့တယ်။ ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးမှုဟာ လူပေါင်း ၄၅ဝဝဝဝ ကျော်အပေါ် သက်ရောက်မှုတွေဖြစ်လာခဲ့တယ်" လို့ ပြောပါတယ်။
ရေကြီးမှုများကြောင့် စစ်တကောင်းနဲ့ ကော့ဘဇာဒေသကြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ၊ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ မီးရထားလမ်းတွေမှာလည်း ရေအောက်နစ်မြှုပ်နေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားမှပြန်လာသည့် မြန်မာလုပ်သား(၈)ဦး လေဆိပ်တွင် ဖမ်းဆီးခံရပြီး (၄)ဦးပြန်လည် လွတ်မြောက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ