တောင်ကိုရီးယားမှပြန်လာသည့် မြန်မာလုပ်သား(၈)ဦး လေဆိပ်တွင် ဖမ်းဆီးခံရပြီး (၄)ဦးပြန်လည် လွတ်မြောက်
NSS - ဩဂုတ် ၁၄
ဗီဇာသက်တမ်းကုန်ဆုံးသဖြင့် တောင်ကိုရီးယာနိုင်ငံမှ မြန်မာပြည်သို့ပြန်လာသော မြန်မာအလုပ်သမား (၈)ဦးသည် ရန်ကုန်လေဆိပ်တွင် သက်ဆိုင်ရာ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး သုံးဦးကို ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။
“ရန်ကုန်ကို ၈ရက်နေ့က ပြန်ရောက်ပါတယ်။ လေဆိပ်မှာမိသားစုက အပြင်ကစောင့်နေချိန်မှာ ဂိတ် ၁ ကနေ ဖမ်းသွားတာပါ။ ရှစ်ယောက်မှာ ခုနှစ်ယောက်ကိုခေါ်သွားတယ်။ လေးယောက်ကတော့ မနေ့ကပြန်လွတ်လာတယ်။ သုံးယောက်ကိုဆက်ဖမ်းထားတယ်”ဟု အဆိုပါအလုပ်သမားများ၏ မိသားစုဝင် တစ်ဦးက NSS ကို ပြောသည်။
ကျန်ရှိသည့် အလုပ်သမား သုံးဦးကို အင်းစိန်အကျဉ်းထောင်တွင် ဆက်လက်ဖမ်းဆီးထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ဈေးကွက်၌ ဆန်ချောတစ်အိတ်လျှင် ငွေကျပ် ငါးထောင်မှတစ်သောင်းကြား ဈေးတက်လာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ