အမေရိကန်သို့သွားရောက်လည်ပတ်ခဲ့သည့် ထိုင်ဝမ်ဒုသမ္မတ၏ ခရီးစဉ်ကို တရုတ်အစိုးရ ပြစ်တင်ရှုတ်ချ
Pika (NSS) - သြဂုတ် ၁၃
အမေရိကန်သို့သွားရောက်လည်ပတ်ခဲ့သော ထိုင်ဝမ်ဒုသမ္မတ William Lai ၏ ခရီးစဉ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်ဒုသမ္မတ William Lai သည် ပြဿနာများ ရှာနေသော ခွဲထွက်ရေးသမားတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာကိုကာကွယ်ရန်အတွက် လက်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုင်ဝမ်ကျွန်းသို့ ပြန်မလာမီ ဆန်ဖရန်စစ္စကိုမြို့တွင် ရပ်နားခဲ့သော ထိုင်ဝမ်ဒုသမ္မတ William Lai ၏ ခရီးစဉ်ကို တရုတ်အစိုးရက ပြစ်တင်ဝေဖန်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသို့ ထိုင်ဝမ်ဒုသမ္မတ William Lai ရောက်ရှိပြီးနောက် မကြာမီ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အမေရိကန်သို့ ထိုင်ဝမ်ခွဲထွက်ရေးသမားများ သွားရောက်လည်ပတ်မှုမှန်သမျှကို ဆန့်ကျင်ကြောင်း ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က "William Lai ဟာ ထိုင်ဝမ်လွတ်လပ်ရေးဆိုတဲ့ ခွဲထွက်ရေးရပ်တည်ချက်နဲ့ အတူ ပြဿနာတွေကိုရှာနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားအတွက် အဓိကအချက်အချာကျတဲ့ ကျွန်းတစ်ခုဖြစ်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေမြင့်တက်လာရတဲ့ အဓိကအကြောင်းအရင်းကတော့ ထိုင်ဝမ်ဟာ လွတ်လပ်ရေးရယူဖို့အတွက် အမေရိကန်ကို အားကိုးနေတာပါပဲ။ တရုတ်နိုင်ငံဟာ အခြေအနေတွေကို အနီးကပ်လေ့လာစောင့်ကြည့်နေပြီး နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့အစီအစဉ်တွေကို ပြတ်ပြတ်သားသားလုပ်ဆောင်သွား မှာပါ" ဟု ထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖမ်းဆီးမှုများ မခံချင်ဘူးဆိုလျှင် အီရန်ရေပိုင်နက်ကို ရှောင်ရှားကြရန် သင်္ဘောများကို အမေရိကန်ရေတပ် သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ