ဖမ်းဆီးမှုများ မခံချင်ဘူးဆိုလျှင် အီရန်ရေပိုင်နက်ကို ရှောင်ရှားကြရန် သင်္ဘောများကို အမေရိကန်ရေတပ် သတိပေး
Pika (NSS) - သြဂုတ် ၁၃
ပင်လယ်ကွေ့ရှိ အမေရိကန်ဦးဆောင်သော ရေတပ်အဖွဲ့၏ ဖမ်းဆီးမှုများကို မခံချင်ဘူးဆိုပါက အီရန်ရေပိုင်နက်ကိုရှောင်ရှားကြရန် ဒေသတွင်းရှိ သင်္ဘောများကို သတိပေးခဲ့ကြောင်း အမေရိကန်ရေတပ် က ပြောကြားခဲ့သည်။
ဧပြီလ နှောင်းပိုင်းနှင့် မေလအစောပိုင်းတွင် အီရန်က ရေနံတင်သင်္ဘောများသိမ်းယူခဲ့သည့် Hormuz ရေလက်ကြား နှင့် အနီးတစ်ဝိုက်ရှိရေပြင်တွင် တင်းမာမှုများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်းကို အဆိုပါသတိပေးချက်က ပြသနေကြောင်း သိရသည်။
Bahrain နိုင်ငံအခြေစိုက် US Fifth Fleet ၏ ပြောရေးဆိုခွင့်ရှိသူ တပ်မှူး Timothy Hawkins က "လက်ရှိဖြစ်ပွား နေတဲ့ တင်းမာမှုတွေအပေါ်အခြေခံပြီး ဖြစ်နိုင်ချေရှိတဲ့ဖမ်းဆီးမှုတွေကို မခံရဖို့အတွက် အီရန်ရေပိုင်နက်ကို ရှောင်ရှားကြဖို့ ဒေသတွင်းသင်္ဘောတွေကို သတိပေးပြောဆိုထားပါတယ်။ အီရန်ရေပိုင်နက်ကနေ တတ်နိုင်သမျှ ဝေးဝေးနေကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်" ဟု ပြောခဲ့သည်။
ကမ္ဘာ့ရေနံစိမ်းနှင့် ရေနံထွက်ကုန်များ၏ ငါးပုံတစ်ပုံခန့်သည် Hormuz ရေလက်ကြားကို ဖြတ်သန်းကာ တင်ပို့နေ ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် အီရန်အကျဉ်းထောင်မှ အမေရိကန်နိုင်ငံသားများကို လွှတ်ပေးရန် နှင့် ၎င်းတို့ကို အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုရေး သဘောတူညီချက်သည် အမေရိကန် နှင့် အီရန်ကြား တင်းမာမှုများကို လျော့ကျစေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်သည် အီရန်နိုင်ငံသားအချို့ကို အမေရိကန်အကျဉ်းထောင်များမှ လွှတ်ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်အဖွဲ့က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေတုံး၊ ရွှေခဲရောင်းဝယ်မှုများကို Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ