သဘာဝဘေးကျရောက်သည့်ဒေသများသို့ ဆန်အိတ်ငါးသိန်း ဒုတိယအကြိမ် ပို့ဆောင်ရန်စီစဥ်နေ
ယွန်း (NSS) - သြဂုတ် ၁၃
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဥ်ဖြင့် သဘာဝဘေးကျရောက်သည့်ဒေသများသို့ ဆန်အိတ် ငါးသိန်းကို ဒုတိယအကြိမ် ပို့ဆောင်ရန် စီစဥ်နေကြောင်း နစကမှ သိရသည်။
အဆိုပါကော်မတီ၏ စီစဥ်မှုဖြင့် ပြီးခဲ့သည့် မေလအတွင်း အရန်ဆန်အိတ်နှစ်သိန်းကို ပထမအကြိမ်ဝယ်ယူ စုဆောင်းခဲ့ပြီး သဘာဝဘေးကျ ရောက်သည့်ဒေသများသို့ နိုင်ငံတော်မှ ခွဲဝေပေးခဲ့ကြောင်း သိရသည်။
ယခုအခါ ထပ်မံ၍ သဘာဝဘေးကျရောက်သည့်ဒေသများသို့ ဆက်လက်ပံ့ပိုးပေးနိုင်ရန်အတွက် နိုင်ငံတော် အရန်ဆန် ဝယ်ယူရေးကြီးကြပ်မှုကော်မတီ နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်း၍ ဒုတိယအကြိမ် ဆန်အိတ်ငါးသိန်းကို ထပ်မံဝယ်ယူစုဆောင်းရန် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ သိရသည်။
လက်ရှိတွင် ဝယ်ယူစုဆောင်းထားသည့် အရန်ဆန်များ သတ်မှတ်အရည်အသွေးနှင့် အလေးချိန်ပြည့်မီခြင်း ရှိ၊ မရှိ ကို စစ်ဆေးလျှက်ရှိပြီး အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝဘေးသင့်ဒေသများသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
နစကဥက္ကဋ္ဌအနေဖြင့် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၇)ခုကို သဘာဝဘေးကျရောက်သည့် ဒေသများအဖြစ် ပြီးခဲ့သည့် ဇူလိုင်လက (၂)လ ထပ်မံတိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ချင်းပြည်နယ်တို့တွင်လည်း မိုခါမုန်တိုင်းသဘာဝဘေးဒဏ်ကို ခံခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သို့သွားရောက်လည်ပတ်ခဲ့သည့် ထိုင်ဝမ်ဒုသမ္မတ၏ ခရီးစဉ်ကို တရုတ်အစိုးရ ပြစ်တင်ရှုတ်ချ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ