ကိုဗစ် - ၁၉ ရဲ့ အိုမီခရွန်မျိုးကွဲ EG.5 ကူးစက်မှုများ ကမ္ဘာတစ်ဝန်း မြင့်တက်လာနေ
ရောင်နီ (NSS) - ဩဂုတ် ၁၂
ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ် - ၁၉ ရဲ့ အိုမီခရွန်မျိုးကွဲ EG.5 ကူးစက်မှုအသစ် အရေအတွက်ဟာ ပြီးခဲ့လက ၈၀ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလကတော့ WHO က ကိုဗစ်ဟာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ မဟုတ်တော့ဘူးလို့ ကြေ ညာခဲ့ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ပိုး ဆက်လက်ပျံ့နှံ့နေဆဲဖြစ်လို့ ဗီဇပြောင်းလဲကာ ကူးစက်မှုများ၊ ဆေးရုံတက်ရမှုများနဲ့ သေဆုံးမှုများ ရှိနိုင်တာကိုတော့ ၎င်းက ဆက်လက် သတိပေးထားပါတယ်။
၎င်းရဲ့ အပတ်စဉ် အပ်ဒိတ်သတင်းတွေအရ နိုင်ငံတွေမှာ ဇူလိုင်လ ၁၀ ရက်မှ သြဂုတ်လ ၆ ရက်အထိအတွင်း ဗိုင်းရပ်စ် ကူးစက်မှုအသစ် ၁ ဒသမ ၅ သန်းနီးပါး ရှိခဲ့ပြီး ယခင် ၂၈ ရက်ထက် ကူးစက်မှု ၈၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂအေဂျင်စီက ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် သေဆုံးမှုအရေအတွက်ဟာ ၅၇ ရာခိုင်နှုန်း ကျဆင်းသွားတာ တွေ့ရပါတယ်။ ကူးစက်မှုအသစ် အများစုဟာ အနောက်ပစိဖိတ်ဒေသမှ ဖြစ်ပြီး ကူးစက်မှု ၁၃၇ ရာခိုင်နှုန်းအထိ ခုန်တက်သွားတယ်လို့ WHO က ပြောကြားခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နဲ့ ဂျပန် အပါအဝင် မြောက်ကမ္ဘာခြမ်းရှိ နိုင်ငံအများအပြားမှာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရောဂါဖြစ်ပွားမှုတွေ မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။
နွေရာသီမှာ လူစုလူဝေးပြုလုပ်ခြင်း၊ ခရီးသွားခြင်း၊ ကိုယ်ခံစွမ်းအားကျဆင်းခြင်းကြောင့် အခုလို ကူးစက်မှုတွေ တိုးလာခြင်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ WHO ရဲ့ အဆိုအရ ရောဂါဖြစ်ပွားမှုအားလုံးရဲ့ ၁၇ ရာခိုင်နှုန်းကျော်ဟာ EG.5 ကူးစက်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ Eris လို့လည်း ခေါ်ကြတဲ့ EG.5 ဟာ ကိုဗစ်ဗိုင်းရပ်စ်ရဲ့ XBB မျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။ အခြားပျံ့နှံ့နေတဲ့ မျိုးကွဲတွေထက် ပိုမိုကူးစက်နိုင်ပေမယ့် EG.5 ဟာ ပိုမိုပြင်းထန်တဲ့ Covid-19 ရောဂါလက္ခဏာတွေတော့ မရှိပါဘူး။ ဒါမေယ့် WHO အကြီးအကဲ တက်ဒရိုစ် အက်ဟာနွန်ဂျီဘရီရက်ဆူး က ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ ရုတ်တရက်တိုးလာနိုင်တဲ့ အန္တရာယ် ရှိနေသေးတာကြောင့် မပေါ့ဆဖို့ သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္ပဏီကို ဖျက်သိမ်း
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ