ယူကရိန်းသို့လက်နက်ထောက်ပံ့ပေးရန် အမေရိကန်အစိုးရ၏ဖိအားပေးမှုများကို အီဂျစ်အစိုးရငြင်းဆန်ပယ်ချ
Pika (NSS) - ဩဂုတ် ၁၂
အီဂျစ်အာဏာပိုင်များသည် ရုရှားကိုတန်ပြန်ထိုးစစ်ဆင်နေသော ယူကရိန်းအတွက် လိုအပ်သောလက်နက်များနှင့်အမြောက်ကျည်များ ထောက်ပံ့ပေးရန် အမေရိကန်၏တောင်းဆိုချက်များကို ငြင်းဆန်ပယ်ချကာ ပဋိပက္ခတွင် မပါဝင်ရန်ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။
ယူကရိန်းအတွက် အမြောက်များ၊ တင့်ကားဖျက်ဒုံးကျည်များ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် လက်နက်ငယ်များထောက်ပံ့ပေးရန် အီဂျစ်အစိုးရကို အမေရိကန်နိုင်ငံက တောင်းဆိုခဲ့ကြောင်းသိရသည်။ပြီးခဲ့သည့်မတ်လက အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် နှင့် အီဂျစ်သမ္မတ Abdel Fattah al-Sisi တို့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းအတွက် လက်နက်ထောက်ပံ့ပေးရန် တောင်းဆိုမှုအပါအဝင် အမေရိကန်သည် တောင်းဆိုမှုများကို အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ကြောင်း Wall Street Journal ကဖော်ပြခဲ့သည်။
Wall Street Journal က"အမေရိကန်အရာရှိတွေနဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့တဲ့အချိန်မှာ ယူကရိန်းအတွက်လက်နက်ထောက်ပံ့ပေးဖို့ တောင်းဆိုမှုတွေကို အီဂျစ်ဘက်က ရှင်းရှင်းလင်းလင်းပယ်ချတာမျိုးမရှိသေးပေမယ့် လက်နက်ထောက်ပံ့ပေးဖို့အစီအစဉ်မရှိဖူးဆိုတာတော့ အီဂျစ်အစိုးရတာဝန်ရှိသူတွေကပြောကြားထားပါတယ်"ဟု ဖော်ပြခဲ့သည်။
သို့သော်လည်း အီဂျစ်ဘက်ကတုံ့ပြန်ပြောဆိုမှုများသည် အမေရိကန်အစိုးရထံသို့ ရောက်ရှိခြင်းမျိုးမရှိကြောင်းလည်းသတင်းများထွက်ပေါ်နေသည်။ အမေရိကန်နိုင်ငံခြားရေးဌာနမှ အရာရှိတစ်ဦးက "ယူကရိန်းကို အီဂျစ်ကကျောထောက်နောက်ခံပြုရေးအပေါ် အကောင်းမြင်မိပါတယ်။ ရုရှားစစ်ပွဲအဆုံးသတ်ဖို့အတွက် အီဂျစ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ရဲ့ အပြန်အလှန်ဆွေးနွေးမှုတွေဟာ ကောင်းမွန်နေပြီး ဆက်လက်လုပ်ဆောင်နေပါတယ်"ဟုပြောဆိုခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် အီဂျစ်သည် ရုရှားကို ဒုံးကျည်များရောင်းချရန်စီစဉ်ခဲ့သည်ဆိုသည့် အမေရိကန် ၏ စွပ်စွဲချက်များကို အီဂျစ်အစိုးရက ပယ်ချခဲ့ကြောင်းသိရသည်။ အီဂျစ်သမ္မတသည် ယူကရိန်းပဋိပက္ခအတွင်း အမေရိကန်၊ ရုရှားတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကိုထိန်းသိမ်းရန် ကြိုးပမ်းခဲ့ပြီး ယူကရိန်းသို့လက်နက်ထောက်ပံ့ပေးရန် အမေရိကန်၏တောင်းဆိုမှုများကို ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရသည်။
သို့သော်လည်း အမေရိကန်ထောက်လှမ်းရေးဌာနသည် လက်နက်ထောက်ပံ့ပေးရန်တောင်းဆိုချက်များနှင့်ပတ်သက်ပြီး ကွဲပြားခြားနားသော ရလဒ်များကို အီဂျစ်ထံမှ မျှော်လင့်ထားကြောင်းသိရသည်။ ပေါ် ထွက်လာသော အမေရိကန်ထောက်လှမ်းရေးဌာန၏ စာရွက်စာတမ်းများအရ အီဂျစ်အစိုးရသည် ယူကရိန်းသို့လွှဲပြောင်းပေးရန်အတွက် (၁၅၂)မီလီမီတာနှင့်(၁၅၅)မီလီမီတာကျည်များ အမေရိကန်အစိုးရထံရောင်းချမည့် အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေး-သံဖြူဇရပ်ကားလမ်းတွင် ကျောက်သယ်ကား(၃)စီးပေါ်၌ လိုက်ပါလာသည့် ဘင်္ဂါလီ(၁၄၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ