ရေး-သံဖြူဇရပ်ကားလမ်းတွင် ကျောက်သယ်ကား(၃)စီးပေါ်၌ လိုက်ပါလာသည့် ဘင်္ဂါလီ(၁၄၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်း
NSS - သြဂုတ် ၁၂
မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းတွင် ကျောက်သယ်သည့် ကား(၃)စီးပေါ်မှ ဘင်္ဂါလီ(၁၄၀)ကျော် ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
၎င်းတို့အား သြဂုတ်လ(၁၁)ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် ရေး- သံဖြူဇရပ်ကားလမ်းပေါ်ရှိ သံဖြူဇရပ်မြို့နယ်၊ ရွာသာယာကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“သံဖြူဇရပ်ဘက်ကနေ မော်လမြိုင်ဘက်ကို လာတဲ့လမ်းရှိတယ်။ အဲဒီမှာကျောက်သယ်တဲ့ကား(၃)စီးကို မသင်္ကာလို့စစ်တော့ ကားပေါ်မှာ တွေ့တာပါ။ အားလုံးပေါင်း (၁၄၅)ယောက်ပေါ့”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ဖမ်းဆီးရမိသူ(၁၄၅)ဦးအနက် အမျိုးသား (၁၃၃)နှင့် အမျိုးသမီး (၁၂) ဦး ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် ၎င်းတို့အား သက်ဆိုင်ရာမှ စစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လ(၅)ရက်ကလည်း လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာနှင့် (၄)မိုင်ခန့်အကွာရှိ ပင်လယ်ပြင်၌ ဘင်္ဂါလီ(၇၂)ဦးအား စက်လှေအတွင်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွင်အနိုင်ရရှိခဲ့သော်လည်း တိုက်စစ်မှူးဟာလန်းအပေါ် စိတ်ဆိုးဒေါသဖြစ်ခဲ့ရကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း