ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွင်အနိုင်ရရှိခဲ့သော်လည်း တိုက်စစ်မှူးဟာလန်းအပေါ် စိတ်ဆိုးဒေါသဖြစ်ခဲ့ရကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာပြော
Pika (NSS) - ဩဂုတ် ၁၂
မန်စီးတီးအသင်း နှင့် ဘန်လေအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၃-၂၀၂၄ ပရီးမီးယားလိဂ်ရာသီပထမဆုံးပွဲစဉ်တွင် မန်စီးတီးတိုက်စစ်မှူးဟာလန်းသည် ပထမပိုင်းအတွင်း နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း မန်စီးတီးနည်းပြဂွါဒီယိုလာသည် ဟာလန်းအပေါ် စိတ်ပျက်မှုများရှိခဲ့ကြောင်းသိရသည်။
ဘန်လေနှင့်ကစားခဲ့သောပွဲတွင် တိုက်စစ်မှူးဟာလန်းသည် ပွဲချိန်(၄)မိနစ် နှင့် (၃၆)မိနစ်တို့တွင် ဂိုးများသွင်းယူနိုင်ခဲ့ပြီး ကွင်းလယ်လူရိုဒီရီက ပွဲချိန်(၇၅)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီးနောက် (၃)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နည်းပြဂွါဒီယိုလာနှင့် ဟာလန်းတို့သည် ပထမပိုင်းအပြီးတွင် အချေအတင်စကားပြောဆိုမှုများရှိခဲ့ကြောင်းသိရသည်။
နည်းပြဂွါဒီယိုလာက "ဟာလန်းက အချိန်တိုင်းဘောလုံးကို သူ့ကိုပဲပေးစေချင်နေတာပါ။ သူ့ကိုပေး သူလုပ်မယ် သူသွင်းမယ်ဆိုတာမျိုးပဲ လုပ်နေတာပါ။ ကျွန်တော်တို့မှာ နှစ်မိနစ်၊ သုံးမိနစ်ပဲ ကျန်တော့တဲ့အချိန်မှာ ဘာနာဒိုဆေးလ်ဗားက ဟာလန်းကိုဘောလုံးမပေးခဲ့တာမှန်ပါတယ်။ ဒါက ကျွန်တော်တို့ အတိအကျလုပ်ဖို့လိုအပ်နေတဲ့ ချိတ်ဆက်မှုတစ်ခုပါပဲ။ ဒါပေမယ့်လည်း ပြဿနာမရှိပါဘူး။ သူနှစ်ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ပျော်နေမယ်လို့ကျွန်တော်ထင်ပါတယ်"ဟုပြောဆိုခဲ့သည်။
ထို့ပြင် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း၏ ပြီးခဲ့သည့်ဇွန်လက ချန်ပီယံလိဂ်ဖိုင်နယ်ပွဲတွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာသည် ပြန်လည်ပြင်းထန်လာသည့်အတွက် စိုးရိမ်မိကြောင်းလည်း နည်းပြဂွါဒီယိုလာကပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယာယီဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသားများကို နိုင်ငံတွင်းသို့တရားမဝင်ခိုးသွင်းမှုဖြင့် ထိုင်းနိုင်ငံသားသုံးဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း