စစ်ကိုင်း၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည့် (၇)လအတွင်း ပြည်သူများ ကုန်ကျစရိတ် ငွေကျပ်သန်း(၅၀)နီးပါး သက်သာခဲ့ဟုဆို
ယွန်း (NSS) - သြဂုတ် ၁၂
စစ်ကိုင်းတိုင်းအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည့် (၇)လအတွင်း ပြည်သူများအနေဖြင့် ကုန်ကျစရိတ် ငွေကျပ် သန်း(၅၀)နီးပါးသက်သာခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ ဦးမြတ်ကျော်က ယနေ့(သြဂုတ်လ ၁၂ ရက်) နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမဆောင်တွင် ကျင်းပခဲ့သည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြေကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် လည်းကောင်း၊ ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးကို ရှေးရူ၍လည်းကောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အခြေခံစား သောက်ကုန်များကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်သူများ သက်သာချောင်ချိရေးအတွက်လည်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်တို့ကို မူလတန်ဖိုးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေကြောင်း ဦးမြတ်ကျော်က ပြောသည်။
ထိုသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ရောင်းချပေးခဲ့သည့် (၇)လတာအတွင်း ပြည်သူများအနေဖြင့် ကုန်ကျစရိတ် ကျပ်(၄၇)သန်းကျော် သက်သာခဲ့ကြောင်း ဝန်ကြီးချုပ်ဦးမြတ်ကျော်က အသိပေးပြောကြားခဲ့သည်။
လက်ရှိတွင် တိုင်းနှင့် ပြည်နယ်အနှံ့အပြားတွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လတ်တလော ပြင်ပဈေးကွက်၌ စားအုန်းဆီတစ်ပိဿလျှင် ငွေကျပ်(၉၀၀၀)ကျော်နှုန်းဖြင့် ပြည်သူများမှ ဝယ်ယူစားသုံးနေရပြီး ပေါ်ဆန်းတစ်ပြည်လျှင် ငွေကျပ်(၄၈၀၀)နှုန်း ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်မှာ ၂ဝ၂၂ ခုနှစ်ဟာ မိမိကိုယ်ကို သတ်သေမှု အများဆုံးနှစ်အဖြစ် စံချိန်တင်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း