ဗြိတိန် အပါအဝင် နိုင်ငံပေါင်း(၄)နိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ကလေးများ အခြေခံပညာ သင်ကြားနိုင်ရေး လျှောက်ထားနိုင်ဟုဆို
ယွန်း (NSS) - သြဂုတ် ၁၂
ဗြိတိန် အပါအဝင် နိုင်ငံပေါင်း(၄)နိုင်ငံတွင်ရောက်နေသည့် မြန်မာနိုင်ငံသားကလေးများ အခြေခံပညာ သင်ကြားနိုင်ရန် လျှောက်လွှာများ လျှောက်ထားနိုင်ကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့မှ သြဂုတ်လ(၁၁)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။
ဗြိတိန် အပါအဝင် ဆွီဒင်၊ ဒိန်းမတ် နှင့် အိုင်ယာလန်နိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်နေသည့် မြန်မာနိုင်ငံသား ကလေးများအတွက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာသင်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအခြေခံပညာသင်ယူခြင်း အစီအစဥ်တွင် သူငယ်တန်းမှ ဒသမတန်းအထိသို့ တက်ရောက်ရန် လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် သြဂုတ်လ(၂၃)ရက်တွင် နောက်ဆုံးထား၍ လျှောက်လွှာများကို လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ လျှောက်ထားရမည်ဖြစ်ကြောင်း သံရုံးမှအသိပေးထားသည်။
လျှောက်ထားလိုသူများအနေဖြင့် မိဘ(၂)ဦး/ အုပ်ထိန်းသူနှင့် ကျောင်းသား၊ ကျောင်းသူ၏ သက်တမ်းရှိသည့် မြန်မာနိုင်ငံကူးလက်မှတ် (မိတ္တူ)၊ ဗြိတိန်နိုင်ငံတွင် နေထိုင်ခွင့်ဗီဇာ(BRP)လိုအပ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်ထားသူသည် ကျောင်းတက်ရောက်နေသူဖြစ်ပါက သက်ဆိုင်ရာကျောင်းမှ ထုတ်ပေးသည့် (CAS) ဖြင့်လည်းကောင်း အလုပ်လုပ်ကိုင်နေသူဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီမှ ထောက်ခံစာလိုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
KG အပ်နှံမည့်သူများအတွက် ပြီးခဲ့သည့် မေလ(၃၁)ရက်တွင် အသက်(၅)နှစ်ပြည့်ရန်လိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ အခြားအတန်းများသို့ အပ်နှံမည့်သူများအတွက် ၂၀၂၃-၂၀၂၄ ခုနှစ်မတိုင်မီအထိ အမြင့်ဆုံးအောင်မြင်ခဲ့သည့် အတန်း၏ အောင်လက်မှတ် သို့မဟုတ် ကျောင်းထွက်လက်မှတ်မူရင်းကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာအတန်းသို့ ဝင်ခွင့်ရရှိပါက ပထမနှစ်ဝက်နှင့် နှစ်ဆုံးစစ်ဆေးခြင်းများကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်မှသာ စာမေးပွဲအောင်စာရင်းကို ထုတ်ပေးမည်ဖြစ်ကြောင်း သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ လူစည်ကားတဲ့ ဗလီတစ်ခုပြိုကျမှုကြောင့် ဝတ်ပြုသူ(၇)ဦးသေဆုံး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း