အသိအမှတ်ပြုသက်သေခံကတ်ပြား မကိုင်ဆောင်ထားသော မြန်မာသင်္ဘောသားများ ဒဏ်ကြေးပေးဆောင်ရခြင်းကို ကာလတစ်ခုအထိ ကင်းလွတ်ခွင့်ရရေးစီစဥ်နေ
ယွန်း (NSS) - သြဂုတ် ၁၁
ဘရားဇီးနိုင်ငံရှိ ဆိပ်ကမ်းများသို့ ရောက်လာသည့် မြန်မာသင်္ဘောသားများ ဒဏ်ကြေးပေးဆောင်ရခြင်းမှ ကာလတစ်ခုအထိ ကင်းလွတ်ခွင့်ရရေး စီစဥ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ဘရာဇီးလျားမြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် သြဂုတ်လ(၁၀)ရက်တွင် ဘရာဇီးလ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်၍ နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာဌာန အကြီးအကဲဖြစ်သူ Minister Marcelo Della Nina အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဥ် ဘရားဇီးနိုင်ငံရှိ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသည့် သင်္ဘောသား အသိအမှတ်ပြု သက်သေခံကတ်ပြား(Seafarers Identity Document‒SID) ကိုင်ဆောင်ထားခြင်းမရှိသော မြန်မာသင်္ဘောသားများကို ဒဏ်ကြေးပေးဆောင်ရခြင်းမှ ကာလတစ်ခုအထိ ကင်းလွတ်ခွင့်ရရေးကို မြန်မာသံအမတ်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့အား လိုအပ်သည့် ကောင်စစ်ရေးရာ အကာအကွယ်များပေးအပ်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အလားတူ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လက်ရှိ စတုတ္ထ(၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကုလသမဂ္ဂမျက်နှာစာ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ပြီးခဲ့သည့် ဇွန်လက နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်ပစ်သတ်၍ Light Truck ကားနှင့်အတူ အမျိုးသမီးတစ်ဦးအား PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်မှု ပခုက္ကူမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း