မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ရေကြီးမှုများကြောင့် လူပေါင်း ၄ဝဝဝဝ နီးပါးကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အနည်းဆုံး ငါးဦး သေဆုံး
ဂျန်ဇက် (NSS) - ဩဂုတ် ၁၁
မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိနေတဲ့ ရေကြီးမှုများကြောင့် လူပေါင်း ၄ဝဝဝဝ နီးပါးကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း ကယ်ဆယ်ပေးခဲ့ရပြီး အနည်းဆုံး ၅ ဦး သေဆုံးခဲ့ရကြောင်း နစကအဖွဲ့တာဝန်ရှိသူများ က ပြောပါတယ်။
မြန်မာနိုင်ငံဟာ နှစ်စဉ် နှစ်တိုင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုများဖြစ်ပွားလျက်ရှိနေပြီး လတ်တလော ဖြစ်ပွားလျက်ရှိနေတဲ့ရေကြီးမှုကြောင့် သြဂုတ် ၁၁ ရက်အထိ နိုင်ငံတဝှမ်းမှာ လူပေါင်း ၄ဝဝဝဝ နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း လူမူဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ညွန်ကြားရေးမှူး ဒေါ်လေးရွှေစင်ဦး က ပြောပါတယ်။
၎င်းက "ကျွန်မတို့ဌာနဟာ ရေကြီးမှုတွေကြောင့် အိမ်တွေကို ဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးပြီး ယာယီနားခိုရာ စခန်းတွေကို ရွှေ့ပြောင်းပေးခဲ့တယ်။ လိုအပ်တာတွေလည်း ကူညီပေးနေတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဇူလိုင်လ နောက်ပိုင်းကတည်းက ရေကြီးမှုများဖြစ်ပွားခဲ့ပြီး ရခိုင်၊ ကချင်၊ ကရင်၊ ချင်း၊ မွန်ပြည်နယ် တို့ အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရေကြီးမှုများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရပါတယ်။
ကရင်ပြည်နယ်မှာ ရေကြီးမှုများကြောင့် ထိုင်းနိုင်ငံ နဲ့ ချိတ်ဆက်ထားတဲ့ အမြန်လမ်းမကြီး ပြိုကျခဲတ့ာမျိုးတွေ လည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ တံတားအချို့ပျက်စီးမှုအပြင် မီးရထားလမ်းကွန်ရက်တွေ နဲ့ လမ်းတွေမှာ ရေကြီးမှုများဖြစ်ပွားခဲ့ရာ ခရီးသွားလာဖို့နဲ့ ကုန်စည်ပို့ဆောင်ဖို့ အခက်အခဲများဖြစ်ပွားခဲ့ရကြောင်း သိရပါတယ်။
မေလတုန်းက မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ရေကြီးမှုများကြောင့် ကျောင်းပေါင်း ၁ဝဝ ကျော် ပိတ်ပင် ထားရသလို ကရင်ပြည်နယ်မှာ ထိုင်းနဲ့ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးအစိတ်ပိုင်းတွေ ပြိုကျခဲ့သလို မွန်ပြည်နယ်မှာ မီးရထားလမ်းတွေ ရေကြီးမှုကြောင့်နှောင့်နှေးခဲ့ကြောင်း ဥရောပအခြေစိုက် ECHO အဖွဲ့က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ရေကြီးမှုကြောင့် အနည်းဆုံး အမျိုးသမီးတစ်ဦး နဲ့ ကလေးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Grade-9 ကျောင်းသားမှ သားအမိ(၂)ဦးအား ဓားဖြင့်ထိုးခုတ်ခဲ့ရာ မိခင်ဖြစ်သူသေဆုံးမှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ