Grade-9 ကျောင်းသားမှ သားအမိ(၂)ဦးအား ဓားဖြင့်ထိုးခုတ်ခဲ့ရာ မိခင်ဖြစ်သူသေဆုံးမှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား
NSS - ဩဂုတ် ၁၁
အင်းစိန်မြို့နယ်တွင် အသက်(၁၄)နှစ်အရွယ် Grade-9 ကျောင်းသားမှ သားအမိ(၂)ဦးအား ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ရာ မိခင်ဖြစ်သူသည် ဓားထိုးရာများဖြင့် သေဆုံးသွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းရင်းမြစ်တစ်ဦးကပြောသည်။
အဆိုပါဖြစ်စဉ်သည် ယမန်နေ့ (သြဂုတ်လ ၁ဝ ရက်) မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
"ကောင်လေးနဲ့ ကောင်မလေးနဲ့က သမီးရည်းစားတွေလားတော့မသိဘူး။ ကောင်မလေးအမေ မရှိတဲ့အ ချိန် ကောင်လေးက အိမ်ကိုလာတယ်ပြောတယ်။ အဲဒီမှာ အမေဖြစ်သူရောက်လာပြီး ကောင်လေးကို ကောင်မလေးအမေက ရိုက်လိုက်တယ်လို့ ပြောတယ်။ အဲဒါကို မကျေနပ်တော့ ကောင်လေးက မီးဖိုချောင်ထဲက ဓားနဲ့ကောင်မလေးရဲ့ အမေကို ထိုးလိုက်တယ်လို့ ပြောတယ်"ဟု ၎င်းကပြောသည်။
အလားတူ သမီးဖြစ်သူကိုလည်း ဓားဖြင့် ထိုးခဲ့သည့်အတွက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်ခဲ့သူ မောင်ကျော်ဇောလင်းကို အဆိုပါနေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် ၎င်း၏ နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသိအမှတ်ပြုသက်သေခံကတ်ပြား မကိုင်ဆောင်ထားသော မြန်မာသင်္ဘောသားများ ဒဏ်ကြေးပေးဆောင်ရခြင်းကို ကာလတစ်ခုအထိ ကင်းလွတ်ခွင့်ရရေးစီစဥ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း