ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ရန်ပုံငွေကို ငွေကြေးထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟုဆို
ယွန်း (NSS) - သြဂုတ် ၁၁
ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ရန်ပုံငွေ(MHF)ကို ငွေကြေးထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ဂျာမနီသံရုံးက ပြီးခဲ့သည့် ရက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကို ကူညီဖြေရှင်းရန်အတွက် ဂျာမနီသည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုရန်ပုံငွေ (MHF)အတွက် ငွေကြေးထောက်ပံ့မှုများကို ယခုနှစ်တွင်လည်း ဆက်လက်ထည့်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျာမနီသည် MHF အတွက် ၂၀၂၃ ခုနှစ်တွင် ငွေကြေးအများဆုံးထည့်ဝင်ပံ့ပိုးသည့် နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ်ပါဝင်နေပြီး ယူရို(၄ ဒသမ ၅)သန်း ပံ့ပိုးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် သံရုံးတာဝန်ခံအကြီးအကဲ York Schuegraf နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ ယာယီအကြီးအကဲဖြစ်သူ Danielle Parry တို့သည် မကြာသေးခင်က တွေ့ဆုံခဲ့ပြီး နိုင်ငံတွင်း တစ်စတစ်စတိုးမြင့်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံ ရောက်စေရန် ရန်ပုံငွေများကို အကျိုးရှိစွာ စီမံအသုံးချရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အာဏာရယူမှုဖြစ်လာခဲ့ပြီးနောက်ပိုင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသူဦးရေ (၁ ဒသမ ၉) သန်းကျော်ရှိလာပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်နေကြောင်း UNOCHA MYANMAR က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ရန် MHF ရန်ပုံငွေမှတစ်ဆင့်အများဆုံး ကူညီထားသောနိုင်ငံများထဲတွင် ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နှင့် ဂျာမနီတို့ပါဝင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘောဒီးယားအစိုးရအဖွဲ့အသစ်မှာ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့သား နဲ့ တူတွေ ဦးဆောင်ပါဝင်နေ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း