မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံများ ၂ဝ နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ဆေးလိပ်ကြောင့် နှစ်စဉ် ၆၄ဝဝဝ ကျော် သေဆုံးနေ
ဂျန်ဇက် (NSS) - ဩဂုတ် ၁၁
မြန်မာနိုင်ငံ၏ ဆေးလိပ်သောက်သုံးမှုနှုန်းသည် ကမ္ဘာ့နိုင်ငံများအနက် ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေပြီး ဆေးလိပ်နှင့်ပတ်သက်သောရောဂါများကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ၆ဝဝဝဝ ကျော် သေဆုံးနေကြောင်း သိရသည်။
၂ဝ၂၃ ခုနှစ်အတွက် ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၁၉ နေရာတွင် ရှိနေခဲ့ပြီး၊ အာဆီယံနိုင်ငံများထဲတွင် အဆင့် ၃ နေရာမှာ ရပ်တည်နေကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ ၁၈ ဒသမ ၇ ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးလျက်ရှိနေပြီး ဒေသအတွင်း နိုင်ငံများထဲတွင် ဆေးလိပ်သောက်သုံးမှုအများဆုံး နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေကြောင်း သိရသည်။
အာဆီယံဒေသအတွင်းရှိ နိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံသည် ဆေးလိပ်သောက်သုံးမှု အများဆုံးဖြစ်နေပြီး လာအိုနိုင်ငံက ဆေးလိပ်သောက်သုံးမှုနှုန်း ဒုတိယအများဆုံးနိုင်ငံဖြစ်ကာ မြန်မာနိုင်ငံက ဆေးလိပ်သောက်သုံးသူ ဦးရေ တတိယအများဆုံး ဖြစ်နေကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံရှိ လူဦးရေ ၏ ၃၂ ဒသမ ၆ ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးလျက်ရှိနေပြီး လာအိုနိုင်ငံရှိ လူဦးရေ ၏ ၂၄ ဒသမ ၅ ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးလျက်ရှိနေကာ မြန်မာနိုင်ငံက လူဦးရေအားလုံး၏ ၁၈ ဒသမ ၇ ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုများကြောင့် နှစ်စဉ် လူပေါင်း ၆၄ဝဝဝ ခန့် သေဆုံးလျက်ရှိနေပြီး အဆိုပါ သေဆုံးမှု၏ ၅၆ ရာခိုင်နှုန်းက အသက် ၇ဝ နှစ်အောက် အရွယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူဦးရေ လူပေါင်း သန်း ၅ဝ ကျော် ရှိနေပြီး ဆေးလိပ်သောက်သုံးမှုများ ကြောင့်ဖြစ်လာခဲ့သော ကျန်းမာရေးပြသာနာများကြောင့် နှစ်စဉ် အနည်းဆုံး ၂၂၅၇ဝဝ ဦး သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဩဂုတ်လ ၁ဝ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ