ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အခြေခံပညာသင်ကြားနိုင်ရေး လျှောက်ထားနိုင်ကြောင်း သံရုံးအသိပေး
စော (NSS) - ဩဂုတ် ၁၀
၂၀၂၃-၂၀၂၄ ပညာသစ်နှစ်တွင် မြန်မာနိုင်ငံသားကလေးငယ်များ ဖိလစ်ပိုင်နိုင်ငံ၌ အခြေခံပညာကို သင်ကြားနိုင်ရန် လျှောက်ထားနိုင်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဩဂုတ်လ ၁၀ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားကလေးငယ်များသည် အခြေခံပညာဖြစ်သော သူငယ်တန်းမှ ဒသမတန်းအထိ တက်ရောက်နိုင်ရန် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်ထားလိုသူများသည် မိဘအုပ်ထိန်းသူမရှိဘဲ ကိုယ်တိုင်အလုပ်လုပ်နေခြင်း သို့မဟုတ် ကျောင်းတက်နေခြင်းတို့ကြောင့် ရောက်ရှိနေခြင်းဖြစ်ပါက မည်သည့်အတွက် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေခြင်းအထောက်အထား တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
သို့သော် KG တန်းအပ်မည့်ကလေးငယ်များအတွက် မွေးစာရင်းမူရင်းနှင့် မိတ္တူတင်ပြရမည်ဖြစ်ပြီး မေလကုန်တွင် အသက်(၅)နှစ်ပြည့်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် အခြားအတန်းများသို့ အပ်နှံမည့်သူများအတွက် ၂၀၂၃-၂၀၂၄ ခုနှစ်မတိုင်ခင်အထိ အမြင့်ဆုံးအောင်မြင်ခဲ့သည့် အတန်း၏ အောင်လက်မှတ် သို့မဟုတ် ကျောင်းထွက်လက်မှတ်မူရင်းကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် ပထမနှစ်ဝက်နှင့် နှစ်ဆုံးစစ်ဆေးခြင်း စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်မှသာလျှင် စာမေးပွဲအောင်စာရင်းကို ထုတ်ပေးမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် ကျောင်းအပ်ရန်အတွက် ကျောင်းဝင်ခွင့်လျှောက်လွှာအား ပြည်စုံစွာဖြည့်စွက်ပြီး လျှောက်လွှာ (၃)စုံဖြင့် ဩဂုတ်လ (၂၃)ရက် နောက်ဆုံးထား၍ မနီလာမြို့ရှိ မြန်မာသံရုံးသို့ လာရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံများ ၂ဝ နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ဆေးလိပ်ကြောင့် နှစ်စဉ် ၆၄ဝဝဝ ကျော် သေဆုံးနေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း