ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် RCSS ဥက္ကဋ္ဌတို့ မကြာခင်တွေ့ဆုံ ဆွေးနွေးဖွယ်ရှိ
မျိုးကြီး (NP News) - ဇန်နဝါရီ ၂၃
နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ မကြာခင်တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း သတင်းရရှိသည်။
မကြာခင်ကာလအတွင်း ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ကြောင်း RCSS နှင့်နီးစပ်သော သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောဆိုထားသည်။
ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပါအဝင် လက်ရှိနိုင်ငံရေး အကျဉ်းအတည်းဖြေရှင်းရေးတို့ကို ဆွေးနွေးသွားရန် ရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်များက ဆိုသည်။
ထို့ပြင် RCSS အဖွဲ့အနေဖြင့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အပါအဝင် ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်ဦးဆောင်သည့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးသကဲ့သို့ NP News အနေဖြင့်လည်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ်နေသော်လည်း ဆက်သွယ်မှု မရ ရှိသေးပေ။
ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း မေလနှင့် သြဂုတ်လတို့တွင် နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ယွက်စစ်တို့အကြား (၂)ကြိမ်တိတိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လက်ရှိ နိုင်ငံရေးအကျပ်အတည်းများကို လက်တွဲဖြေရှင်းနိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့အကြား ထည့်သွင်းဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။
zawgyi version
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ RCSS ဥကၠ႒တို႔ မၾကာခင္ေတြ႕ဆုံ ေဆြးေႏြးဖြယ္ရွိ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၃
နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္တို႔ မၾကာခင္ေတြ႕ဆုံေဆြးေႏြးဖြယ္ရွိေၾကာင္း သတင္းရရွိသည္။
မၾကာခင္ကာလအတြင္း ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ ေနျပည္ေတာ္သို႔ သြားေရာက္မည္ ျဖစ္ေၾကာင္း RCSS ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္မ်ားက ထုတ္ေဖာ္ေျပာဆိုထားသည္။
ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအပါအဝင္ လက္ရွိႏိုင္ငံေရး အက်ဥ္းအတည္းေျဖရွင္းေရးတို႔ကို ေဆြးေႏြးသြားရန္ ရွိေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မ်ားက ဆိုသည္။ ထို႔ျပင္ RCSS အဖြဲ႕အေနျဖင့္ ဗိုလ္ခ်ဳပ္ႀကီးမင္းေအာင္လႈိင္အပါအဝင္ ဒုတိယဗိုလ္ ခ်ဳပ္ႀကီးရာျပည့္ဦးေဆာင္သည့္ ႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕တို႔ႏွင့္လည္း ေတြ႕ဆုံေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အထက္ပါအေၾကာင္းအရာႏွင့္ပတ္သက္၍ နစက၏သတင္းထုတ္ျပန္ေရးအဖြဲ႕က တစ္စုံတစ္ရာထုတ္ျပန္ေျပာဆိုျခင္းမ်ိဳး မရွိေသးသကဲ့သို႔ NP News အေနျဖင့္လည္း နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕ထံ ဆက္သြယ္ေနေသာ္လည္း ဆက္သြယ္မႈ မရ ရွိေသးေပ။ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း ေမလႏွင့္ ၾသဂုတ္လတို႔တြင္ နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ယြက္စစ္တို႔အၾကား (၂)ႀကိမ္တိတိ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။ လက္ရွိ ႏိုင္ငံေရးအက်ပ္အတည္းမ်ားကို လက္တြဲေျဖရွင္းႏိုင္ေရးအတြက္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္တို႔အၾကား ထည့္သြင္းေဆြးေႏြးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထီးချိုင့်မြို့နယ်တွင် ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ(၁၈)ဦးခန့်ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ