ထီးချိုင့်မြို့နယ်တွင် ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ(၁၈)ဦးခန့်ထိခိုက်ဒဏ်ရာရရှိ
စော (NP News) - ဇန်နဝါရီ ၂၃
ထီးချိုင့်မြို့နယ်၊ ထီးချိုင့်-ဇီးကုန်း-ကသာသွားကားလမ်းပေါ်တွင် ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် လူ(၁၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီသတ်တပ်ဖွဲ့မှထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၂၃ ရက်) ၊ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် အဆိုပါကားလမ်းမပေါ် ရင်ကွဲတောင်အဆင်း၌ တိမ်းမှောက်ခဲ့ကြောင်းသိရသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ထီးချိုင့်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
အဆိုပါတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော လူ(၂ဝ)ဦးအနက် (၁၈)ဦးမှာ ထိခိုက်ဒဏ်ရာရရှိပြီး လူ (၅)ဦးမှာ အသက်အန္တရာယ်ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှထုတ်ပြန်ထားသည်။အဆိုပါယာဉ်သည် မန္တလေးမှလာသည့် ဘုရားဖူးကားတစ်စီးဖြစ်ကာ သံဃာတော်၊သီလရှင်၊ အမျိုးသမီး၊ အမျိုးသားများလိုက်ပါလာသည့် ကားတစ်စီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စိုးရိမ်ရသည့် လူ(၅)ဦးကို သပိတ်ကျင်း(၇)မိုင်ဆေးရုံသို့ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။ကျန်ရှိသော လူ(၁၃)ဦးကို ထီးချိုင့်ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
zawgyi version
ထီးခ်ိဳင့္ၿမိဳ႕နယ္တြင္ ကားတစ္စီးတိမ္းေမွာက္မႈေၾကာင့္ လူ(၁၈)ဦးခန႔္ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ဇန္နဝါရီ ၂၃
ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ထီးခ်ိဳင့္-ဇီးကုန္း-ကသာသြားကားလမ္းေပၚတြင္ ယာဥ္တစ္စီးတိမ္းေမွာက္မႈေၾကာင့္ လူ(၁၈)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီသတ္တပ္ဖြဲ႕မွထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၂၃ ရက္) ၊ နံနက္ ၉ နာရီဝန္းက်င္ခန႔္တြင္ အဆိုပါကားလမ္းမေပၚ ရင္ကြဲေတာင္အဆင္း၌ တိမ္းေမွာက္ခဲ့ေၾကာင္းသိရသည္။အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ ထီးခ်ိဳင့္ၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္တစ္စီး ၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ကူညီခဲ့ေၾကာင္း သိရသည္။
အဆိုပါတိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာေသာ လူ(၂ဝ)ဦးအနက္ (၁၈)ဦးမွာ ထိခိုက္ဒဏ္ရာရရွိၿပီး လူ (၅)ဦးမွာ အသက္အႏၲရာယ္ရွိခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕မွထုတ္ျပန္ထားသည္။အဆိုပါယာဥ္သည္ မႏၲေလးမွလာသည့္ ဘုရားဖူးကားတစ္စီးျဖစ္ကာ သံဃာေတာ္၊သီလရွင္၊ အမ်ိဳးသမီး၊ အမ်ိဳးသားမ်ားလိုက္ပါလာသည့္ ကားတစ္စီးျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ စိုးရိမ္ရသည့္ လူ(၅)ဦးကို သပိတ္က်င္း(၇)မိုင္ေဆး႐ုံသို႔ပိုေဆာင္ေပးခဲ့ေၾကာင္း သိရသည္။က်န္ရွိေသာ လူ(၁၃)ဦးကို ထီးခ်ိဳင့္ျပည္သူ႔ေဆး႐ုံသို႔ ပိုေဆာင္ေပးခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်ထီးရိုးတောင်ခြေရှိ လျှိုထဲတွင် တောမီးလောင်မှုဖြစ်ပွားခဲ့ပြီး (၂)နာရီနီးပါး ငြှိမ်းသတ်ခဲ့ရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း