ဆီးရီးယားနိုင်ငံရှိ ငါးထပ်တိုက်တစ်လုံး ပြိုကျခဲ့ပြီးနောက် အနည်းဆုံးလူ(၁၃)ဦး သေဆုံး
Pika (NP News) - ဇန်နဝါရီ ၂၃
ဆီးရီးယားနိုင်ငံ Aleppo မြို့တွင် ဇန်နဝါရီ(၂၂)ရက်က အဆောက်အဦးတစ်ခုပြိုကျခဲ့ရာ ကလေးငယ်များ အပါအဝင် အနည်းဆုံးလူ(၁၃)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောဆိုခဲ့သည်။ပြိုကျမှုများဖြစ်ပွားပြီးနောက် လူ(၁ဝ)ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းသတင်းများတွင် ဖော်ပြထားသော်လည်း နောက်ပိုင်းတွင် သေဆုံးသူဦးရေမှာ (၁၃)ဦးအထိ ရှိလာပြီး အဆိုပါကိန်းဂဏန်းများထက် ပိုမိုမြင့်တက်လာနိုင်ဖွယ် ရှိကြောင်း သတင်းများက ထပ်မံဖော်ပြခဲ့သည်။
အဆိုပါသေဆုံးသူများထဲတွင် ကလေး(၅)ဦး ပါဝင်ကြောင်း ၎င်းတို့ သည် ဆယ်စုနှစ်ကျော်ကြာ တိုက်ပွဲများအတွင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ဆီးရီးယားနိုင်ငံသားများဖြစ်ကြောင်း ကာဒစ်ရှ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ပြိုကျမှုများဖြစ်ပွားပြီးနောက် အပျက်အစီးများအောက်မှ လူတစ်ဦးကို လက်ရှိအချိန်တွင် ကယ်ဆယ်ထားနိုင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ပြော ကြားခဲ့သည်။ မိသားစု(၇)စုနေထိုင်သော ငါးထပ်တိုက်သည် ဇန်နဝါရီ(၂၂)ရက် အစောပိုင်းက ပြိုကျခဲ့ခြင်းဖြစ် ကြောင်း အဆိုပါငါးထပ်တိုက်တွင် လူပေါင်း(၃၅)ဦး နေထိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
ပြိုကျမှုများဖြစ်ပွားပြီးနောက် မြေထိုးစက်များဖြင့် အပျက်အစီးများကို ရှင်းလင်းနေပြီး ကယ်ဆယ်ရေးသမားများ သည် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ကယ်ထုတ်ရန်ကြိုးပမ်းနေသည်ကို အွန်လိုင်းပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ခဲ့ရသည်။ Aleppo မြို့ Sheikh Maksoud ရပ်ကွက်တွင်ရှိသော အဆိုပါ ငါးထပ်တိုက်သည် အုတ်မြစ်တွင် ရေယိုစိမ့်မှုကြောင့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းအရင်းအမြစ်တစ်ခု က ပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် Aleppo မြို့ Ferdaws ရပ်ကွက်ရှိ အဆောက်အဦးတစ်ခုပြိုကျခဲ့ပြီး ကလေး (၃)ဦး အပါအဝင် လူ(၁ဝ)ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version;
ဆီးရီးယားႏိုင္ငံရွိ ငါးထပ္တိုက္တစ္လုံး ၿပိဳက်ခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၁၃)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၃
ဆီးရီးယားႏိုင္ငံ Aleppo ၿမိဳ႕တြင္ ဇန္နဝါရီ(၂၂)ရက္က အေဆာက္အဦးတစ္ခုၿပိဳက်ခဲ့ရာ ကေလးငယ္မ်ား အပါအဝင္ အနည္းဆုံးလူ(၁၃)ဦး ေသဆုံးခဲ့ေၾကာင္း အာဏာပိုင္မ်ားက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ၿပိဳက်မႈမ်ားျဖစ္ပြားၿပီးေနာက္ လူ(၁ဝ)ဦး ေသဆုံးခဲ့ေၾကာင္း အေစာပိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားေသာ္လည္း ေနာက္ပိုင္းတြင္ ေသဆုံးသူဦးေရမွာ (၁၃)ဦးအထိ ရွိလာၿပီး အဆိုပါကိန္းဂဏန္းမ်ားထက္ ပိုမိုျမင့္တက္လာႏိုင္ဖြယ္ ရွိေၾကာင္း သတင္းမ်ားက ထပ္မံေဖာ္ျပခဲ့သည္။
အဆိုပါေသဆုံးသူမ်ားထဲတြင္ ကေလး(၅)ဦး ပါဝင္ေၾကာင္း ၎တို႔ သည္ ဆယ္စုႏွစ္ေက်ာ္ၾကာ တိုက္ပြဲမ်ားအတြင္း အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေသာ ဆီးရီးယားႏိုင္ငံသားမ်ားျဖစ္ေၾကာင္း ကာဒစ္ရွ္ သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။ ၿပိဳက်မႈမ်ားျဖစ္ပြားၿပီးေနာက္ အပ်က္အစီးမ်ားေအာက္မွ လူတစ္ဦးကို လက္ရွိအခ်ိန္တြင္ ကယ္ဆယ္ထားႏိုင္ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန က ေျပာ ၾကားခဲ့သည္။ မိသားစု(၇)စုေနထိုင္ေသာ ငါးထပ္တိုက္သည္ ဇန္နဝါရီ(၂၂)ရက္ အေစာပိုင္းက ၿပိဳက်ခဲ့ျခင္းျဖစ္ ေၾကာင္း အဆိုပါငါးထပ္တိုက္တြင္ လူေပါင္း(၃၅)ဦး ေနထိုင္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။
ၿပိဳက်မႈမ်ားျဖစ္ပြားၿပီးေနာက္ ေျမထိုးစက္မ်ားျဖင့္ အပ်က္အစီးမ်ားကို ရွင္းလင္းေနၿပီး ကယ္ဆယ္ေရးသမားမ်ား သည္ အပ်က္အစီးမ်ားေအာက္တြင္ ပိတ္မိေနသူမ်ားကို ကယ္ထုတ္ရန္ႀကိဳးပမ္းေနသည္ကို အြန္လိုင္းေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္တစ္ခုတြင္ ေတြ႕ခဲ့ရသည္။ Aleppo ၿမိဳ႕ Sheikh Maksoud ရပ္ကြက္တြင္ရွိေသာ အဆိုပါ ငါးထပ္တိုက္သည္ အုတ္ျမစ္တြင္ ေရယိုစိမ့္မႈေၾကာင့္ ၿပိဳက်ခဲ့ျခင္းျဖစ္ေၾကာင္း ရဲသတင္းအရင္းအျမစ္တစ္ခု က ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလတြင္ Aleppo ၿမိဳ႕ Ferdaws ရပ္ကြက္ရွိ အေဆာက္အဦးတစ္ခုၿပိဳက်ခဲ့ၿပီး ကေလး (၃)ဦး အပါအဝင္ လူ(၁ဝ)ဦးေသဆုံးခဲ့ေၾကာင္းလည္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ (ICG) က ဦးဆောင်ပြုလုပ်သော ရေကြောင်းကယ်ဆယ်ရေးလေ့ကျင့်ခန်းအစီအစဉ်ထဲတွင် မြန်မာ ပါဝင်
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း