အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ (ICG) က ဦးဆောင်ပြုလုပ်သော ရေကြောင်းကယ်ဆယ်ရေးလေ့ကျင့်ခန်းအစီအစဉ်ထဲတွင် မြန်မာ ပါဝင်
Pika (NP News) - ဇန်နဝါရီ ၂၃
အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ (ICG) က ဦးဆောင်ပြုလုပ်သောရေကြောင်းကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံက ကမ်းခြေစောင့် တပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် နိုင်ငံပေါင်း ၆ နိုင်ငံမှ သင်္ဘာသားများ၊ အရာရှိများကို ရေကြောင်းကယ်ဆယ်ရေး ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး သီတင်းပတ် တစ်ပတ်ကြာ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ အဆိုပါ အိန္ဒိယနိုင်ငံက လေ့ကျင်သင်ကြားပေးသော သင်တန်းကို ဇန်နဝါရီ ၁၆ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းကို မြန်မာ၊ မော်လဒိုက်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေရှ့်၊ Seychelles နှင့် Mauritius နိုင်ငံတို့မှ သင်္ဘောသားများ၊ အရာရှိများ ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ယင်းသင်တန်းကို သင်္ဘာသား ၁၂ ဦးနှင့် အရာရှိ ၁ဝ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် ရေကြောင်းရှာဖွေရေးနှင့် ကယ်ဆယ်ရေးနှင့်ပတ်သက်သော နောက်ခံအကြောင်းအရာများ ကို အဓိကမြင်သာဖြစ်အောင် အကောင်းဆုံး နိုင်ငံတကာအလေ့အကျင့်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် စံနမူနာယူ ဒီဇိုင်းရေးဆွဲသင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ လေ့ကျင့်သင်ကြားသူများသည် မွန်ဘိုင်းမြို့ MRCC၊ Director General Shipping Communication Centre နှင့် မွန်ဘိုင်းလေဆိပ်များကို သွားရောက်လေ့လာကာ သင်ကြားမှုများလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
Zawgyi Version;
အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕ (ICG) က ဦးေဆာင္ျပဳလုပ္ေသာ ေရေၾကာင္းကယ္ဆယ္ေရးေလ့က်င့္ခန္းအစီအစဥ္ထဲတြင္ ျမန္မာ ပါဝင္
Pika (NP News) - ဇန္နဝါရီ ၂၃
အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕ (ICG) က ဦးေဆာင္ျပဳလုပ္ေသာေရေၾကာင္းကယ္ဆယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈ လုပ္ငန္းမ်ားႏွင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၆ ႏိုင္ငံက ကမ္းေျခေစာင့္ တပ္ဖြဲ႕မ်ား ပူးေပါင္းပါဝင္ခဲ့ေၾကာင္း သိရသည္။
အိႏၵိယႏိုင္ငံသည္ ႏိုင္ငံေပါင္း ၆ ႏိုင္ငံမွ သဘၤာသားမ်ား၊ အရာရွိမ်ားကို ေရေၾကာင္းကယ္ဆယ္ေရး ပူးေပါင္း ေဆာင္႐ြက္မႈလုပ္ငန္းမ်ားႏွင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္ၿပီး သီတင္းပတ္ တစ္ပတ္ၾကာ ေလ့က်င့္သင္ၾကားေပးခဲ့ေၾကာင္း၊ အဆိုပါ အိႏၵိယႏိုင္ငံက ေလ့က်င္သင္ၾကားေပးေသာ သင္တန္းကို ဇန္နဝါရီ ၁၆ ရက္မွ ၂၁ ရက္အထိ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါသင္တန္းကို ျမန္မာ၊ ေမာ္လဒိုက္၊ သီရိလကၤာ၊ ဘဂၤလားေဒရွ႕္၊ Seychelles ႏွင့္ Mauritius ႏိုင္ငံတို႔မွ သေဘၤာသားမ်ား၊ အရာရွိမ်ား ပါဝင္တက္ေရာက္ခဲ့ေၾကာင္း၊ ယင္းသင္တန္းကို သဘၤာသား ၁၂ ဦးႏွင့္ အရာရွိ ၁ဝ ဦး ပါဝင္တက္ေရာက္ခဲ့ေၾကာင္း သိရသည္။ အဆိုပါသင္တန္းတြင္ ေရေၾကာင္းရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးႏွင့္ပတ္သက္ေသာ ေနာက္ခံအေၾကာင္းအရာမ်ား ကို အဓိကျမင္သာျဖစ္ေအာင္ အေကာင္းဆုံး ႏိုင္ငံတကာအေလ့အက်င့္မ်ားႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစမည့္ စံနမူနာယူ ဒီဇိုင္းေရးဆြဲသင္ၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါ ေလ့က်င့္သင္ၾကားသူမ်ားသည္ မြန္ဘိုင္းၿမိဳ႕ MRCC၊ Director General Shipping Communication Centre ႏွင့္ မြန္ဘိုင္းေလဆိပ္မ်ားကို သြားေရာက္ေလ့လာကာ သင္ၾကားမႈမ်ားလုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်- ပုဂံ တိုက်ရိုက် အမြန်ရထားကို ယနေ့မှစတင်ကာ နေ့စဥ်ပြေးဆွဲပေးမည်
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း