ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းဟာ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်ဖြစ်လာဖို့ အလားလာများနေဟု အထက် လွှတ်တော်ကိုယ်စားလှယ်ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၉
ဖြူထိုင်းပါတီက အဆိုပြုတဲ့ ဝန်ကြီးချုပ်လောင်းဟာ လာမယ့်လွှတ်တော်အတွင်းကျင်းပမယ့် ဝန်ကြီးချုပ်လောင်း ရွေးချယ်ပွဲမှာ လွှတ်တော်အမတ်များရဲ့ထောက်ခံမှုကိုရရှိပြီး ဝန်ကြီးချုပ်အသစ်ဖြစ်လာဖွယ်ရှိနေတယ်လို့ ထိုင်းအထက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ Wanchai Sornsiri က ပြောပါတယ်။
ဖြူထိုင်းပါတီဟာ ရှေ့သို့ချီပါတီဦးဆောင်တဲ့ ၈ ပါတီ ညွှန်ပေါင်းအဖွဲ့က နှုတ်ထွက်ပြီးနောက် ရွေးကောက်ပွဲမှာ မဲတတိယအများဆုံးရရှိထားတဲ့ Bhumjaithai ပါတီနဲ့ မဟာမိတ်ညွန့်ပေါင်း ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီနဲ့ Bhumjaithai ပါတီတို့ဟာ လွှတ်တော်နှစ်ရပ်ပေါင်းမှာ ကိုယ်စားလှယ်ဦးရေ ၂၁၂ ဦးသာ ရရှိထားပြီး ဝန်ကြီးချုပ်ဖြစ်လာဖို့အတွက် လိုအပ်တဲ့ထောက်ခံမဲအရေအတွက် ထပ်မံရရှိအောင် အခြားပါတီများနဲ့ ညွန့်ပေါင်း ဖွဲ့စည်းသွားရဖွယ်ရှိနေကြောင်း သိရပါတယ်။
ထိုင်းအထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Wanchai Sornsiri က "ဖြူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ့် ဆာရက်သာဟာ ထောက်ခံမဲအများအပြား ရဖွယ်ရှိနေပါတယ်။ ဖြူထိုင်းပါတီဟာ အစိုးရအသစ်ကို အမြန်ဆုံးဖွဲ့စည်းလိုနေတဲ့အတွက် ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်း ဆာရက်သာ ဖြစ်လာဖွယ် ရှိနေပါတယ်။ လာမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်အသစ်ကို အပြီးသတ်ရွေးချယ်နိုင်ဖွယ် ရှိနေပါ တယ်" လို့ ပြောပါတယ်။
မေလ ၁၄ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဖြူထိုင်းပါတီဟာ မဲဒုတိယအများဆုံး နဲ့ အနိုင်ရခဲ့ပြီး ရှေ့သို့ချီ ပါတီ အပါအဝင် အခြား ၇ ပါတီနဲ့ပူးပေါင်းပြီး အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရှေ့သို့ချီပါတီ ခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းရာမှာ အထက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ကန့်ကွက်မဲများကြောင့် လုံလောက်တဲ့ မဲမျိုးမရဘဲဖြစ်ခဲ့ရကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီဟာ အထက်လွှတ်တော်ကိုယ်စားလှယ်များအပြင် အခြားနိုင်ငံရေးပါတီများရဲ့တောင်းဆိုချက်အတိုင်း ရှေ့သို့ချီပါတီနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းခြင်းကိုရပ်တန့်ကာ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့က နှုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ ရှေ့သို့ချီပါတီဦးဆောင်တဲ့ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့အတွင်းကနေ ဖြူထိုင်းပါတီ နှုတ်ထွက်ခြင်းကို မကျေနပ်တဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြူထိုင်းပါတီ ရုံးချုပ်မှာ ဆန္ဒပြပွဲများလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်စကိုမြို့ကို တိုက်ခိုက်ဖို့ ပျံသန်းလာတဲ့ ယူကရိန်းဒရုန်းနှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားအစိုးရ ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ