မော်စကိုမြို့ကို တိုက်ခိုက်ဖို့ ပျံသန်းလာတဲ့ ယူကရိန်းဒရုန်းနှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားအစိုးရ ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၉
ရုရှားနိုင်ငံ မော်စကိုမြို့ကို ဦးတည်ပျံသန်းလာတဲ့ ယူကရိန်းဒရုန်းနှစ်စင်းဟာ သြဂုတ် ၈ ရက်နေ့ ညပိုင်းက ပစ်ချခံလိုက်ရကြောင်း မော်စကိုမြို့တော်ဝန် နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ယူကရိန်းဟာ မော်စကိုမြို့ကိုတိုက်ခိုက်ဖို့ ကြိုးပမ်းမှုအစိတ်အပိုင်းအဖြစ် အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ ပေမယ့် ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ပစ်ချနိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများမရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "သြဂုတ် ၈ ရက် ညပိုင်းက ယူကရိန်းအစိုးရဟာ မော်စကိုမြို့ကိုတိုက်ခိုက်ဖို့ ဒရုန်းတွေ လွှတ်တင်ခဲ့တယ်။ ဒါပေမယ့် အဲဒီဒရုန်းနှစ်စင်းစလုံးကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဖျက်ဆီး ပစ်ခဲ့တယ်။ ယူကရိန်းက လွှတ်တင်လိုက်တဲ့ တိုက်ခိုက်ရေးဒရုန်းနှစ်စင်းအနက် တစ်စီးမော်စကိုမြို့ တောင်ပိုင်းမှာ ပျက်ကျခဲ့သလို အခြားတစ်စီးက M1 အမြန်လမ်းမှာ ပျက်ကျသွားခဲ့တယ်" လို့ ပြောပါတယ်။
ရုရှားစစ်ဘက်ဟာ ဒရုန်းနှစ်စီးကို ပစ်ချနိုင်ခဲ့ခြင်းနဲ့ပတ်သက်ပြီး အသေးစိတ်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ သလို ဒရုန်းအမျိုးအစားတွေကိုလည်း ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ယူကရိန်းအစိုးရဟာ ရုရှားအပေါ် တန်ပြန်ထိုးစစ် ဆင်ပြီးနောက်ပိုင်းကတည်းက ရုရှားပိုင်နက်တွေကိုပစ်မှတ်ထားပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ရုရှားစစ်ဘက် က ဟန့်တား၊ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းတို့ လွှတ်တင်လိုက်တဲ့ဒရုန်းတွေ ပျက်ကျခဲ့ရာမှာ အဆောက်အဦးများ၊ လူနေအိမ်ယာများ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးတာမျိုးမရှိကြောင်း သိရပါတယ်။ ယူကရိန်း နဲ့ ရုရှားတို့ဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၂ နှစ်နီးပါးရှိနေ ပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိဘဲ အပြန်အလှန်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့အရေးနှင့် ကမ္ဘာတစ်ဝန်းက ၂၄ နာရီအတွင်းထူးခြားသတင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း