အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းရဲ့စစ်ရေးစွမ်းဆောင်ရည်တွေအပေါ် ယုံကြည်မှုမရှိဘဲဖြစ်နေ
ဂျန်ဇက် (NSS) - သြဂုတ် ၉
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားတပ်ဖွဲ့တွေကို ထိုးဖောက်တိုက်ခိုက်မယ့် ယူကရိန်းရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေအပေါ် ယုံကြည်မှုမရှိဘဲဖြစ်နေကြောင်း၊ ရုရှားနဲ့ ယူကရိန်းကြားဖြစ်နေတဲ့စစ်ပွဲဟာ ဒီရေလှိုင်းလိုမျိုးဖြစ်နေကြောင်း CNN သတင်းဌာနက ဖော်ပြထားပါတယ်။
အနောက်အုပ်စုနိုင်ငံများရဲ့အမည်မဖော်လိုတဲ့ ထိပ်တန်းသံတမန်တစ်ဦးက "ယူကရိန်းရဲ့စစ်ရေး စွမ်းဆောင်ရည် တွေ ကောင်းမွန်မှုတွေ မရှိဘူးဆိုတာ တွေ့မြင်နေရဆဲဖြစ်ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ တန်ပြန်ထိုးစစ်ဆင်မှု တွေကို တိုးတက်အောင်မလုပ်ဆောင်နိုင်ဘူးဆိုရင် လာမယ့်သီတင်းပတ်အနည်းငယ်မှာ စစ်ရေးပဋိပက္ခအခြေ အနေတွေက ဟန်ချက်ပြောင်းလဲသွားမှာပါ" လို့ ပြောပါတယ်။
ဒါ့အပြင် အီလီနွိုက်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ Mike Quigley က "ယူကရိန်းတပ်ဖွဲ့တွေကို ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကို သတိထားမိတယ်။လက်ရှိအချိန်မှာ စစ်ပွဲရဲ့အခက်ခဲဆုံးအချိန်ဖြစ်တယ်" လို့ ပြောပါတယ်။
ယူကရိန်းဟာ ဇွန်လအစောပိုင်းမှာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေက ရုရှားတပ်ဖွဲ့တွေကို ပြန်လည်မောင်းထုတ် နိုင်ဖို့တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် မျှော်လင့်သလောက်အောင်မြင်မှုမရဘဲဖြစ်နေကြောင်း သိရပါတယ်။ ယူကရိန်း တပ်ဖွဲ့တွေဟာ တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ရုရှားရှေ့တန်းစစ်မျက်နှာပြင်ကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲဖြစ်နေ ကြောင်း သိရပါတယ်။
ရုရှားဟာ လအတန်ကြာ သိမ်းပိုက်ထားတဲ့ နယ်မြေတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးပိုင်းကို အကောင်းဆုံး လုပ်ဆောင်ထားခဲ့ပြီးမိုင်းကွင်းကွန်ရက်များ၊ ကတုတ်ကျင်းများ၊ခံတပ်များကို ခိုင်မာအောင်လုပ်ဆောင်ခဲ့ရာ ယူကရိန်းတပ်ဖွဲ့များ ထိုးဖောက်ဖို့ ခက်ခဲနေကြောင်း သိရပါတယ်။ တန်ပြန်ထိုးစစ်ဆင်မှုစတင်တဲ့ နှစ်လ ကျော်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၄၃ဝဝဝ ထိခိုက်သေဆုံးခဲ့ရသလို အနောက်အုပ်စုနိုင်ငံများက ကူညီပံ့ပိုးပေး ထားတဲ့ စစ်လက်နက်ပစ္စည်းအရေအတွက်၅၀၀၀နီးပါး ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး-လားရှိုးလမ်းတွင် (၁၂)ဘီးကား နှင့် Hijet ကားတို့ တိုက်မိရာမှ (၂)ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ