မန္တလေး-လားရှိုးလမ်းတွင် (၁၂)ဘီးကား နှင့် Hijet ကားတို့ တိုက်မိရာမှ (၂)ဦးသေဆုံး
သန့်ဇင် (NSS) - ဩဂုတ် ၉
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မန္တလေး-လားရှိုးလမ်းတွင် မိုးရွာနေစဉ် လမ်းချော်၍ (၁၂)ဘီးကားနှင့် Hijet ကားတို့ တိုက်မိရာမှ အမျိုးသား(၂)ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုသည် ယမန်နေ့ (ဩဂုတ်လ ၈ရက်)၊ နံနက် ၁၁နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ အမှတ်(၁)နယ်မြေ၊ ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိုးလမ်းရှိ BOC စက်သုံးဆီအရောင်းဆိုင်အနီးတွင်ဖြစ်ပွားခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဖြစ်တာက တွဲကားနဲ့ခွေဘီလူးတို့ တိုက်တာပေါ့။ တွဲကားက လားရှိုးကိုအတက်ပေါ့နော်။ ခွေးဘီလူးကအဆင်းပေါ့။ မိုးရွာတော့လမ်းချော်ပြီးတိုက်မိတာပါ” ဟု သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် Hijet ကားပေါ်မှ အသက်(၃၀)ဝန်းကျင်ခန့်ရှိ ယာဉ်မောင်းနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးသွားခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ခွေးဘီလူးက (၂)ယောက်သေတယ်ဗျ။ ယာဉ်မောင်းနဲ့နောက်တစ်ယောက်ပေါ့ ကျန်တဲ့တစ်ယောက်ပဲအသက်ရှင်တယ်။ ဘယ်မြို့နယ်ကလဲတော့ မသိဘူး။ သေတဲ့သူတွေက မကွေးတိုင်းကလို့ပဲသိရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အထက်ပါယာဉ်တိုက်မှုမှ သေဆုံးသူအမျိုးသား(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား သန္တိသုခ လူမှုကူညီရေးအသင်းမှကားဖြင့် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေးမြို့နယ်၌ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား(၅)ဦးအား ပစ္စတိုသေနတ်ဖြင့် (၁၅)ချက်ခန့် ပစ်ခတ်လုပ်ကြံမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း