ရေးမြို့နယ်၌ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား(၅)ဦးအား ပစ္စတိုသေနတ်ဖြင့် (၁၅)ချက်ခန့် ပစ်ခတ်လုပ်ကြံမှုဖြစ်ပွား
NSS - သြဂုတ် ၉
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးအပါအဝင် အရပ်သား (၅)ဦးအား ပစ္စတိုသေနတ်ဖြင့် (၁၅)ချက်ခန့် ပစ်ခတ်လုပ်ကြံမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(သြဂုတ်လ ၉ ရက်)၊ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် ရေးမြို့နယ်၊ အစင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အစင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်အတွင်း၌ ပြည်သူ့စစ်အဖွဲ့ဝင် ဦးယဉ်ဝေအပါအဝင် အရပ်သားပြည်သူများရှိနေစဉ်အချိန်တွင် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသား(၂)ဦးရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထုံးစံအတိုင်း ဆိုင်ကယ်နဲ့ လူနှစ်ယောက်လာတာပေါ့။ ပစ္စတိုနဲ့ပစ်တယ်။ ရွာလက်ဖက်ရည်ဆိုင်မှာ ဖြစ်တာပေါ့။ နာမည်တွေ ဘာတွေတော့ မရှိပါဘူး။ အဲဒီမှာပဲ (၁၅)ချက်လောက် ပစ်လိုက်တော့ ပြည်သူ့စစ်က ဦးယဉ်ဝေကတော့ နေရာပဲ ဆုံးသွားတယ်။ နောက်အရပ်သားတစ်ယောက်ကလည်း ဆုံးသွားတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ထိုသို့ ပစ္စတိုသေနတ်ဖြင့် (၁၅)ချက်ခန့် ပစ်ခတ်ခံရမှုကြောင့် (၂)ဦးသေဆုံးခဲ့သည့်အပြင် အရပ်သား(၃)ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ၎င်းက ဆက်လက်ပြော သည်။
“(၃)ယောက်က ဒဏ်ရာရတယ်ပေါ့။ စိုးရိမ်ရပါတယ်။ သူတို့ကတော့ ဆေးရုံတော့ ရောက်နေပါပြီ။ သူတို့ကလည်း အရပ်သားပါပဲ။ ပြည်သူ့စစ်က တစ်ယောက်တည်းပါတာပါ”ဟု အထက်ပါတာဝန်ရှိသူက ထပ်မံပြောသည်။
လက်ရှိတွင် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ခဲ့သူများကို ဆေးရုံသို့ ပို့ဆောင်ကာ ကုသပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းဟာ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်ဖြစ်လာဖို့ အလားလာများနေဟု အထက် လွှတ်တော်ကိုယ်စားလှယ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း