အမေရိကန်နျူကလီးယားဒုံးကျည်ပစ်လွှတ်ရာ နေရာတွေမှာ ကင်ဆာရောဂါဖြစ်ပွားမှု ရာနဲ့ချီ တွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းများ ထွက်ပေါ်နေ
ရောင်နီ (NSS) - သြဂုတ် ၈
အမေရိကန်၊ မွန်တားနားမှာရှိတဲ့ Malmstrom နျူကလီးယားဒုံးကျည်အခြေစိုက်စခန်းရှိ မြေအောက် ပစ်လွှတ်မှု ထိန်းချုပ်ရေးစခန်းတွေမှာ ကင်ဆာရောဂါဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်အဆင့်တွေနဲ့ အမျိုးသား၊ အမျိုးသမီးဝန်ထမ်းများစွာမှာ ကင်ဆာရောဂါဖြစ်ပွားမှု များစွာတွေ့ရှိခဲ့ရတယ်လို့ အမေရိကန် Air Force Global Strike Command က တနင်္လာနေ့ (သြဂုတ်လ ၇ ရက်) မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါတွေ့ရှိမှုဟာ အမေရိကန်ဒုံးကျည် ထုတ်လွှတ်မှုအသိုက်အဝန်းတွေမှာရှိတဲ့ ကင်ဆာရောဂါဆိုင်ရာ စိုးရိမ်ပူပင်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စတင်စုံစမ်းစစ်ဆေးလာခဲ့တဲ့နောက် ပထမဆုံး တွေ့ရှိလာခဲ့တဲ့ တွေ့ရှိမှုပဲဖြစ်ပါတယ်။
အဆိုပါနမူနာတွေအရ မွန်တားနား၊ Malmstrom စခန်းရှိ လွှတ်တင်ရေးအဆောက်အအုံနှစ်ခုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (EPA ) မှ အကြံပြုထားတဲ့သတ်မှတ်ချက်ထက် ပိုမိုမြင့်မားတဲ့ PCB အဆင့်တွေ ပြသနေတာတွေ့ရပါတယ်။ PCB အဆင့်တွေဟာ ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ EPA မှ သတ်မှတ်ထားတဲ့အဆင့်တွေဖြစ်ပါတယ်။
ဒါကြောင့် Air Force Global Strike Command ရဲ့တပ်မှူး ဗိုလ်ချုပ်ကြီး သောမတ်ဘူစီရီက ထိခိုက်နိုင်တဲ့အဆောက်အဦးတွေမှာ သန့်ရှင်းရေးလုပ်ငန်းစဉ် ချက်ချင်းစတင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
Malmstrom စခန်းမှ Hodgkin lymphoma (ရှားပါး သွေးကင်ဆာ) ဖြစ်နေကြောင်း ပြသတဲ့ ဇန်နဝါရီလက Associated Press မှ ရှင်းလင်းချက်တစ်ခု ထွက်ပေါ်လာပြီးနောက် Air Force Global Strike Command က ၎င်းကို လေ့လာမှုစတင်ခဲ့တာဖြစ်ပါတယ်။ နျူကလီးယားဒုံးကျည်စခန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင် ၂၆၈ ဦးထက်မနည်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း ကင်ဆာ၊ သွေးရောဂါနဲ့ အခြားဖျားနာမှုတွေ ရှိခဲ့တယ်လို့ လူမှုအသိုင်းအဝိုင်း ကျန်းမာရေးနဲ့ သာယာဝပြောရေးကို ထိခိုက်စေတဲ့ ကမ္ဘာလုံးဆိုင်ရာစနစ်တွေကို ဖော်ထုတ်နေတဲ့ Torchlight Initiative က ဆိုပါတယ်။
ဝန်ထမ်းတွေ ဒုံးကျည်တွေနဲ့ မြေအောက်မှာ ၂၄ နာရီမှ ၄၈ နာရီအထိ တာဝန်ထမ်းဆောင်ရတဲ့အခါ မရှောင်လွှဲနိုင်တဲ့ လေဝင်လေထွက်၊ ရေအရည်အသွေးနဲ့ ဖြစ်နိုင်ချေရှိတဲ့ အဆိပ်အတောက်တွေကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုတွေ များစွာရှိလာမှာကို ကျန်းမာရေးကျွမ်းကျင်သူတွေက စိုးရိမ်ပူပန်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်းကိုနိုင်-ကိုကိုကြီး-မြအေးတို့ကို ရည်ညွှန်းစာ၊ လူလည်ကြီးများရွာရဲ့ဒီမိုကရေစီနဲ့စာအိတ်နီ၊ PDF တွေဖမ်းသွားတဲ့ ဘုတလင်က မီးသတ်ဝန်ထမ်းတွေ ကိစ္စ၊ အာရှလမ်းပြင်ဖို့ စစ်ဆေးတဲ့အဖွဲ့ အပစ်ခံရ (၈-၈-၂ဝ၂၃)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ