မြန်မာ့တိုင်းရင်းဆေးပညာရပ်အား သက်သေအထောက်အထားပြု ဆေးပညာရပ်အဖြစ် ပြောင်းလဲတိုးတက်ရန်လိုဟုဆို
ယွန်း (NSS) - သြဂုတ် ၈
မြန်မာ့တိုင်းရင်းဆေးပညာရပ်အား သက်သေအထောက်အထားပြု ဆေးပညာရပ်အဖြစ် ပြောင်းလဲတိုးတက်ရေး ကျန်းမာရေးဒုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက သြဂုတ်လ(၇)ရက်တွင် မန္တလေးရှိ တိုင်းရင်းဆေးတက္ကသိုလ်၌ ကျင်းပခဲ့သော (၁၂)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိကာလသည် တိုင်းရင်းဆေးသုတေသနများကို ဆောင်ရွက်ရန် နိုင်ငံတော်မှ အလေးထားအားပေးနေသည့်အချိန်ဖြစ်ပြီး တာဝန်ရှိသူများနှင့် သုတေသီများကလည်း သုတေသနကျင့်ဝတ်နှင့်အညီ သုတေ သနလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ တိုင်းရင်းဆေးကဏ္ဍတိုးတက်စေရေး ဆောင်ရွက်ကြရန် ၎င်းက ပြောသည်။
သို့ဖြစ်၍ မြန်မာ့တိုင်းရင်းဆေးပညာရပ်အား အတွေ့အကြုံအခြေပြု ဆေးပညာရပ်မှ သက်သေအ ထောက်အထားပြု ဆေးပညာရပ်အဖြစ်သို့ ပြောင်းလဲတိုးတက်လာစေရန် ပါမောက္ခ ဒေါက်တာအေးထွန်းက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူလူထု၏အဓိကကျန်းမာရေးပြဿနာများကို မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးကုထုံးအသစ်နှင့် ဆေးဝါးအသစ်များ ပေါ်ထွက်လာစေရေးကိုလည်း ဆောင်ရွက်ရန်လိုကြောင်း သိရသည်။
ထို့ပြင် အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန် ၎င်းကပြောကြားထားသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါတွင်သာမက ရာသီတုပ်ကွေးရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်သည့် မြန်မာ့တိုင်းရင်းဆေး ဝိသမအဖျားပျောက်ဆေးကို တိုင်းရင်းဆေးပညာဦးစီးဌာနမှ အခြေခံသုတေသနနှင့် ဆေးလက်တွေ့သုတေသနတို့ကို သိပ္ပံနည်းကျပြုလုပ်၍ ဆေးဝါးအဖြစ် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် (၁၉)ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု ဘုတလင်မြို့၌ ဖြစ်ပွား
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ