စစ်အာဏာသိမ်းမှုကြောင့် နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုမယ်ဆိုရင် ဘေးဒုက္ခဆိုးတွေ ဖြစ်လာနိုင်ဖွယ်ရှိနေဟု မာလီအစိုးရ ထပ်မံသတိပေး
ဂျန်ဇက် (NSS) - သြဂုတ် ၈
စစ်အာဏာသိမ်းမှုများဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံအပေါ် စစ်ရေးနည်းလမ်းအသုံးပြုမယ်ဆိုရင် ဘေးဒုက္ခဆိုးတွေ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ မာလီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
နိုင်ဂျာနိုင်ငံမှာ ဇူလိုင် ၂၆ ရက်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အနောက်အာဖရိက နိုင်ငံများ စီးပွားရေးအဖွဲ့ ECOWAS ဟာ သမ္မတကို ရာထူးပြန်အပ်နှင်းဖို့ တောင်းဆိုထားပြီး အဲဒီအချက်ကို မလိုက်နာဘူးဆိုရင် စစ်ရေး နည်းလမ်းအသုံးပြုမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးခဲ့ပါတယ်။
အဆိုပါအဖွဲ့ရဲ့ရာဇသံကို နိုင်ဂျာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေက ဝေဖန်ပြစ်တင်ထားပြီး မာလီ နဲ့ ဘာကီနာဖာဆို နိုင်ငံတို့က နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုခြင်းက ၎င်းတို့အပေါ် စစ်ကြေညာခြင်းလို့ သတ်မှတ်မှာဖြစ် ကြောင်း ပြောပါတယ်။ မာလီနိုင်ငံခြားရေးဝန်ကြီး Abdoulaye Diop က " စစ်ရေးနည်းလမ်းအသုံးပြုလာမယ် ဆိုရင်တော့ ဘေးဒုက္ခဆိုးတွေဖြစ်လာနိုင်တယ်" လို့ ပြောပါတယ်။
မာလီ နဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ စစ်အစိုးရအုပ်ချုပ်နေတဲ့နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြားအပြန်အလှန်ဆက်ဆံရေး ကောင်းမွန်နေတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။ မာလီနိုင်ငံခြားရေးဝန်ကြီး က "ECOWAS အဖွဲ့ဟာ နိုင်ဂျာနိုင်ငံ အပေါ် စစ်တပ်တွေစေလွှတ်မယ်လို့ ပြောဆိုခဲ့တယ်။ အဲဒီပြောဆိုချက်တွေကို နားမလည်နိုင်အောင်ဖြစ်မိတယ်" လို့ ပြောပါတယ်။
နိုင်ဂျာနိုင်ငံအပေါ် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ ECOWAS အဖွဲ့က စစ်ရေးနည်းလမ်းအသုံးပြုမယ့် အစီအစဉ်ကို စိုးရိမ်မှုများမြင့်တက်နေကြောင်း သိရပါတယ်။ နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အာဖရိကနိုင်ငံအများစုဟာ ပြစ်တင်ရှုတ်ချခဲ့ပြီး ECOWAS အဖွဲ့က နိုင်ဂျာကို ပိတ်ဆို့မှုများလုပ်ဆောင်ခဲ့သလို အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေနဲ့ ပြင်သစ်နိုင်ငံတို့က အကူညီပေးမှုတွေ ရပ်တန့်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအဖွဲ့ ရဲ့နိုင်ငံအချို့ဟာ စစ်ရေးနည်းလမ်းအသုံးပြုဖို့ ပြင်ဆင်မှုတွေရှိနေပေမယ့် အချိန်ယူ ရဖွယ်ရှိနေ ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ စစ်ရေးနည်းလမ်းအသုံးပြုခြင်းထက် နိုင်ငံရေး နည်းလမ်း၊ သံတမန်ရေး နည်းလမ်းအသုံးပြုဖို့ အာဖရိကတိုက်ရှိ နိုင်ငံအချို့က တောင်းဆိုတိုက်တွန်းတာတွေလည်း ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
EAO အချို့က NCA ကို မလိုက်နာဘဲ အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ဆောင်ရွက်ခြင်းကြောင့် PDF အဖွဲ့များ၏ လုပ်ရပ်များ ပိုမိုဆိုးရွားလာခဲ့ဟု တပ်ချုပ်ဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ