စားအုန်းဆီရည်ညွှန်းဈေး အနည်းငယ်ပြန်ကျလာပြီး ပြင်ပဈေးကွက်တွင်လည်း စားအုန်းဆီဈေး အနည်းငယ် ပြန်ကျလာ
NSS - ဩဂုတ် ၈
စားအုန်းဆီ တရားဝင်လက်ကားဈေးသည် တစ်ပိဿာလျှင် ၁၅၀ ကျပ်ဝန်းကျင် ပြန်လည်ကျဆင်းလာပြီးပြင်ပ စားအုန်းဆီဈေးများလည်း ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှသိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ဩဂုတ်လ (၇) ရက်မှ (၁၃) ရက်အထိ ဈေးကွက်အတွင်း ရောင်းချရမည့် အခြေခံရည်ညွှန်းဈေးနှုန်းသတ်မှတ်ချက်သည် တစ်ပိဿာလျှင် (၄၁၅၀) ကျပ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးနှုန်းသည် ပြီးခဲ့သည့် တစ်ပတ်ကထက် (၁၄၅)ကျပ်ကျဆင်းလာခြင်းဖြစ်ပြီး ယခင်တစ်ပတ်က ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးသည် တစ်ပိဿာလျှင် (၄၂၉၅) ကျပ် သတ်မှတ်ထားခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင်လည်း ပြီးခဲ့သည့် တစ်ပတ်က စားအုန်းဆီဈေးနှုန်းသည်လည်း တစ်ပိဿာလျှင် (၉၅၀၀) ကျပ်ဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် (၈၀၀၀) ကျပ်ဝန်းကျင်အထိ ကျဆင်းလာကြောင်း သိရသည်။
စားအုန်းဆီတင်သွင်းရောင်းချသူများအသင်း၏ လက်လီဈေးကားများဖြင့် ရောင်းချပေးနေမှုအရ တစ်ပိဿာလျှင် ၄၄၀၀ ကျပ် သတ်မှတ်ထားကြောင်းသိရသည်။
စားအုန်းဆီ တင်ပို့ရောင်းချသူများအနေဖြင့် ပြည်တွင်းဈေးကွက်အတွင်း၌ စားအုန်းဆီ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့်ပတ်သက်၍ မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့ဖျား မဏိပူရပြည်နယ် လူမျိုးရေးအကြမ်းဖက်မှု ပြည်တွင်းစစ် နီးကပ်လာ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း