မန်စီးတီးအသင်းကို အနိုင်ယူနိုင်ခဲ့ခြင်းက အာဆင်နယ်အတွက် အားတက်စရာဖြစ်စေခဲ့ဟု နည်းပြအာတီတာ ပြော
Pika (NSS) - သြဂုတ် ၇
ဩဂုတ်လ(၆)ရက်က ကစားခဲ့သော ကွန်မြူနတီဒိုင်းပွဲစဉ်တွင် မန်စီးတီးအသင်းကို အနိုင်ယူကာ ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ခြင်းသည် အာဆင်နယ်အသင်းအတွက် အားတက်စရာအနိုင်ရရှိမှုတစ်ခုဖြစ်ကြောင်း အာဆင်နယ် နည်းပြအာတီတာက ထုတ်ဖော်ပြောခဲ့သည်။
မန်စီးတီးအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်အသင်းတောင်ပံကစားသမား ထရိုးဆက်သည် ပွဲချိန်(၁ဝ၁) မိနစ်တွင် အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၁)ဂိုးစီ သရေကျကာ ပင်နယ်တီကန်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ပင်နယ်တီကန်မှုအတွင်း အာဆင်နယ်အသင်းသည် (၄)ဂိုး-(၁)ဂိုးဖြင့် မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့ပြီး ကွန်မြူနတီဒိုင်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါနိုင်ပွဲသည် ပြီးခဲ့သည့်သုံးနှစ်အတွင်း မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲများတွင် အာဆင်နယ် အသင်း၏ ပထမဆုံးနိုင်ပွဲတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ် ရာသီတွင် အာဆင်နယ်အသင်းကို အိမ်ကွင်းနှင့်အဝေးကွင်းများတွင် တောက်လျှောက်အနိုင်ယူခဲ့ပြီး ပရီးမီးယား လိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အာတီတာ က "ဒီနိုင်ပွဲက တကယ်ကို အရမ်းကောင်းပါတယ်။ မန်စီးတီးအသင်းကို နိုင်ပြီး ကွန်မြူနတီဒိုင်း ဆုဖလား ကို ဆွတ်ခူးနိုင်ခဲ့တာဟာ အားတက်စရာနိုင်ပွဲတစ်ခုပါပဲ။ ကမ္ဘာ့အကောင်းဆုံးအသင်းကို အနိုင်ယူခဲ့ပြီး ဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ခံစားချက်က အရမ်းကောင်းပါတယ်။ ဒီရလဒ်က မျှော်လင့်ချက်တွေကို ပိုမိုတိုးလာစေမလား ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒီနေ့မှာ ဆုဖလားကိုအနိုင်ရရှိပြီး အောင်ပွဲခံပေမယ့် နောက်နေ့ကြရင်တော့ လေ့ကျင့်မှုတွေပြန်လုပ်ရမှာပါ။ ပရီးမီးယားလိဂ်ရာသီအတွက် အကောင်းဆုံးပြင်ဆင်ထားရပါမယ်။ မန်စီးတီးကို အနိုင်ရရှိခဲ့တာဟာ အသင်းကစားသမားတွေရဲ့စိတ်ဓါတ်နဲ့ ယုံကြည်မှုတွေအားလုံးကို မြှင့်တင်ပေးပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်လေ့ကျင့်ပြီး ကစားပွဲတိုင်းကို အနိုင်ယူနိုင်အောင် လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညောင်ဦးမြို့နယ်ရှိ အထက်တန်းကျောင်းအား PDF အဖွဲ့မှ ခြိမ်းခြောက်စာပေးပို့ခဲ့ဟုဆို
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း